PT { 3 }

265 32 0
                                    

(Zawgyi)

ဟယ်ချန်းရဲ့ သူဖန်တီးချင်နေတဲ့ရုပ်ထုကလေးပြီးတာနဲ့
သူ့အိတ်ထဲထည့်ပြီး သူ့ဦးလေးကိုကျေးဇူးတင်ကြောင်းပြော
ပြီးနှုတ်ဆက်ကာ လမ်းအတိုင်းလျှောက်လာခဲ့တော့ သူခံစား
ရပါပြီ ဗိုက်ဆာတဲ့ဒဏ်ကို အစားဒီလောက်မက်တဲ့ဟယ်ချန်း
က ဒီရုပ်ထုလေးအတွက်နှစ်ရက်ကြီးများတောင်အစာမစား
ခဲ့ရဘူးတဲ့လေ

" အရုပ်စုတ်လေး မင်းကြောင့်ငါဘာမှမစားရသေးလို့ဗိုက်
တောင်ဆာလာပြီ တော်တော်ဆိုးတဲ့ကောင် "

ဗိုက်ကအခုမှအတော်လေးစာလာတာမို့ ဟယ်ချန်းတစ်
ယောက်ဆိုင်ထဲဝင်ပြီး နှစ်ရက်စာမစားခဲ့ရတဲ့အတွက် စုပေါင်းပြီးစားရပါတော့တယ် ဦးလေးဆိုသည်မှာလည်းကပ်စေးနဲလိုက်တာဆိုတာလေ ထမင်းစားမလားလို့တောင် လာမေး
ဖော်မရဘူး တကတည်း အိမ်ကလူတွေနဲ့တကယ်တစ်ပုံစံ
တည်းဘဲ ဆွေမျိုးလို့မပြောရဘူး

ဟယ်ချန်းတစ်ယောက် အိမ်ရှေ့နားရောက်တော့ ညအချိန်
၇ နာရီလောက်ရှိပြီဖြစ်သည် လူလည်းအတော်နုံးချိနေပြီမို့
ဘာကိုမှသတိမထားဘဲစိတ်ပျက်လက်ပျက်နဲ့လျှောက်လာ
ရာမှ သူ့အိမ်ဘေးက အဒေါ်ကြီးအသံကြားမှ အသိတရားဝင်လာတော့သည် တခြားတော့မဟုတ် သူ့သမီးကိုအော်
ငေါက်ရိုက်နှက်နေခြင်းပင်

အဲ့ဒီအဒေါ်ကြီးကအတော်စဉ်းစားရခက်လွန်းလှသည် သူ့
သမီးအပေါ် အတော်လေးကိုကြင်နာပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံပေမဲ့ တစ်ခါတစ်လေ အလွန်ကိုကြမ်းတမ်းလွန်း
လှသည် ကောင်မလေးခမျာ အရိုက်ခံရပြီးရင် လမ်းတောင်
ကောင်းကောင်းမလျှောက်နိုင် သူစဉ်းစားမိပါသည် ကောင်
မလေးက အတော်လည်းလှသည် စာလည်းတော်သည် ဖော်ပြရမည်ဆိုလျင် အရာရာပြည့်စုံသူဖြစ်သည် ဒါပေမဲ့ဘာ
လို့ သူ့အမေက ဒီလိုလုပ်နေမှန်းတော့မသိပါ သူသိတာက
တော့သူအဲ့ဒီကောင်မလေးကိုညီမလေးလိုချစ်ပြီးသနားလွန်းတယ်ဆိုတာပါဘဲ

ဒီလောက်အကောင်းတွေပြည့်နေတဲ့ကောင်မလေးကိုအကောင်းမမြင်နိုင်တဲ့အဲ့ဒီအဒေါ်ကြီးဘဲ ကောင်းသလို ဆိုးနေပြန်သည် ပုံမှန်မဟုတ်ရင် အဲ့ဒီအဒေါ်ကြီးရူးနေတာဖြစ်ချင်
ဖြစ်ပါလိမ့်မယ်လေ

A Human Sculpture I createdWhere stories live. Discover now