PT { 10 }

202 27 0
                                    


(Zawgyi)

မနက်မိုးလင်းမှာတောင် ဂျယ်မင်းကိုတွေ့လိုက်ရတာမို့
ဟယ်ချန်းကတော့ နေရခက်နေဆဲ

"သူဘယ်လိုတောင် ငါ့ကိုလာခေါ်ရဲတာလဲ ဒီလိုဖြစ်ထား
တာတောင်မှဘဲ"

သက်ပြင်းအရှည်ကြီး ချလိုက်ရင်း ဟယ်ချန်းတစ်ယောက်
ရေချိုးခန်းဝင်ကာ မှန်ကြည့်မိတော့ နီရဲရဲ သူ့နှုတ်ခမ်းလေး
ကအခုထိ အရောင်မကျသေး နှုတ်ခမ်းလေးကို လက်နဲ့
ပြန်ကိုင်ကြည့်ပြီး မနေ့ညကအဖြစ်တွေတောင် ပြန်မြင်
ယောင်ပြီး ရင်ခုန်လာသလို

"အာ မဟုတ်ဘူး မဟုတ်ဘူး ရင်မခုန်ရဘူး သူကငါ့ကို
စနေတာ ငါဘာမှဖြစ်လို့မရဘူး"

သူ့ပါသူဘဲ ဆင်ခြင်ပေးရင်း အောက်ထပ်ကို ဆင်းလာ
တော့ ဂျယ်မင်းနဲ့ ဟယ်ဝန်းက မျက်နှာချင်းဆိုင်ပြီး ရယ်
နေကြသည်

"ဘာလို့ အဲ့လောက်လှအောင်ပြုံးနေရတာလဲ"

အတွေးတွေကို ခါထုတ်လိုက်ပြီး ဟယ်ချန်းတစ်ယောက်
အားတင်းကာ ဆင်းလာတော့သည်

"ဟယ်ချန်းလာ"

ဂျယ်မင်းကဖော်ဖော် ရွေရွေနဲ့ကြိုဆိုသည်

"ညီမလေးသွားပြီနော်"

"မစားသွားတော့ဘူးလား"

"မစားတော့ပါဘူး သူ့ခင်ပွန်းလောင်းလေးချက်ထားတာကို
သူ့ရဲ့ ယောကျာ်းလေးဘဲစားပါစေ သွားပြီနော်"

"ဒီကောင်မလေးကတော့ တကယ်ပါဘဲ"

ဟယ်ချန်းတစ်ယောက် ဟယ်ဝန်းကို ကြည့်ကာပြောပြီးမှ
ဟင်းဝိုင်းကိုငုပ်ကြည့်တော့ စုံလင်နေသော ဟင်းဝိုင်းတွေ
ကိုတွေ့ရတော့ မျက်စိအစာဖြစ်သွားသလို

"ငါချက်ထားတာ"

အေးလေ အားနာရင်တော့ ဒီလောက်တော့ချက်ပေးရမှာ
ပေါ့ ဟင်းအနံ့လေးတွေက သင်းပျံ့ပြီး မစားရမနေနိုင်
အောင် မြူစွယ်နေသလို

"စားလေ ဟယ်ချန်း"

ဟယ်ချန်းကတော့မူမနေတော့ဘဲ ဟင်းတွေကို ဟိုခပ်ဒီခပ်
နဲ့ မြည်းကြည့်တော့ အရသာက အလွန်ကောင်းမှန်းသိသွား
တော့လေသည် အရသာသိတာနဲ့ စားပွဲဝိုင်းမှာ ခေါင်းမဖော်နိုင်အောင် စားတော့သည်  စားလို့ခဏကြာမှ သူ့ဘေးမှာရှိ
တဲ့ ဂျယ်မင်းကိုသတိရသွားတော့သည်

A Human Sculpture I createdWhere stories live. Discover now