PT { 11 }

210 30 7
                                    


(Zawgyi)
မနက်မိုးလင်းလာတော့ ရယ်သံပျံ့ပျံ့လွင်လွင်ကို ကြားနေ
ရသည် မျက်စိပွတ် ပြီးထလာတဲ့ ဟယ်ချန်းက ဂျယ်မင်း
လက်ကိုအသာဖယ်ကာ ဘေးကိုလိုက်ကြည့်မိသည်

"နိုးလာသေးသားဘဲ"

"ဟိတ် နင်တို့တွေ ဘယ်ချိန်တည်းကရောက်နေတာလဲ"

"ခုနကဘဲ တွေ့လားယောလေး ဟိုးညကကျတော့နမ်း
တယ် ဒီညကျတော့ ရင်ခွင်ထဲရောက်နေပြီ နောက်ညဆို
ရင်တော့ ငါ့အကို အကောင်းတိုင်းရှိပါ့မလား"

"တိတ်တိတ်နေ မဟုတ်တာတွေမပြောနဲ့"

"ပြောချင်တာဘဲလေ"

ဟယ်ချန်းတစ်ယောက် ဂျယ်မင်းကိုနှိုးမလို့ လုပ်ပေမဲ့ အီ
ဟယ်ဝန်းရဲ့ နောက်ထွက်လာမဲ့ စကားတွေကို သေချာ
သိနေပြီပို့ မနှိုးတော့ဘဲ သူ့အခန်းသူပြန်သွားသည်

"ယောလေး ငါအောက်မှာစောင့်နေမယ်နော် အသားယူ
တတ်တဲ့နင့်အကို ကိုနှိုးလိုက်ဦး"

"အေးပါဟယ်"

ကောင်းကင်ဘုံမှာ အမြဲသူဆက်ခံရမဲ့ တာဝန်ကြောင့် ပူ
ပန်နေရတဲ့ ဂျယ်မင်းက ယခုပုံစံနဲ့ခြားနားလွန်းသည် ဘယ်
မိန်းကလေးကိုမှ ဂရုတစိုက်ရှိသည်ကလည်းမရှိ အမေဖြစ်
တဲ့သူနဲ့တောင်မှ စကားမပြောဖြစ်လို့ အနေအနည်းငယ်
ဝေးလွန်းသည်

ညီမဖြစ်တဲ့သူနဲ့တောင်မှ ရင်းနှီးမှုက အဲ့လောက်မရှိ ဟယ်ချန်းနဲ့ ကျမှ ပြောင်းလဲကုန်သည် သူမအကို ဂျယ်မင်းက သူမ
ကိုတောင် ရင်ခွင်ထဲထည့်ပြီး မသိပ်ဖူးသလို သူတို့အမေရဲ့
ရင်ခွင်ထဲမှာလည်း မအိပ်တတ်သူဖြစ်သည် ဟယ်ချန်းကို
ဂျယ်မင်းရင်ခွင်ထဲမှာမြင်ရလို့ သူမအံ့သြမိတာတော့အမှန်

ဟယ်ချန်းကိုလည်း အနိုင်မယူအရှုံးလည်းမပေးတတ်တဲ့သူ
မရဲ့ ကိုကိုက တခြားသူတွေနဲ့ဆိုရင် အနိုင်ပေးတတ်သူမ
ဟုတ်ပေ အဲ့တာကြောင့်လည်း ကောင်းကင်ဘုံမှာ သူ့အ
တွက်ရန်သူများလွန်းခဲ့သည်လေ

တစ်ချို့ သောနတ်သမီးလေးတွေက အနားကပ်ဖို့ကြိုးစား
ကြပေမဲ့ ရှောင်ထွက်လွန်းတဲ့ ဂျယ်မင်းကြောင့် ယောလေး
ခင်ဗျာ အခုထိ နတ်သမီးယောင်းမ မရသေး အပူအပင်
ကင်းမဲ့စွာအိပ်နေတဲ့ သူမအကိုက ကောင်းကင်ဘုံက ပုံစံ
နဲ့ ကွားခြားလွန်းသည်

A Human Sculpture I createdWhere stories live. Discover now