"ငါအကုန်ကြားတယ်"
အားလုံးထိတ်လန့်သွားကြသည်။
"သွားပါပြီ!" မိစ္ဆာငါးပြောသည် "အထဲမှာရှိနေတာ အဲ့ဒါ ခင်ဗျားတို့ရဲ့အရာရှိပဲ! ခင်ဗျားတို့ရဲ့ အရာရှိ!"
"ငါတို့ဘယ်လိုလုပ်ကြမလဲ?" အားလုံးတယောက်ကိုတယောက်ကြည့်ပြီး မေးလိုက်ကြသည်။ ဟုန်ကျွင့် - "ကျွန်တော်သူ့ကိုနှိုးပြီး ပြဿနာတက်စေခဲ့တဲ့အတွက် တောင်းပန်လိုက်ပါမယ်"
ဟုန်ကျွင့်သတ္တိမွေးပြီး ကျန်၃ယောက်ကြည့်နေချိန်တွင် အရှေ့သို့လျောက်သွားသည်။ နောက်ဆုံးမှာတော့ ဟုန်ကျွင့်တယောက်တည်း အကုန်လုံးတာဝန်ယူရမည်မှာ ဘယ်လိုမှကြည့်မကောင်းသဖြင့် သူတို့ပါ အနောက်မှ လိုက်လာခဲ့သည်။ လီကျင်းလုံမျက်နှာကို ဟုန်ကျွင့်အသာလေးပုတ်ပြီး တိုးတိုးလေးပြောလိုက်သည် "ဟေး ထတော့"
မိစ္ဆာငါး - "သခင်လေး သူကအဲ့ဒီလောက်နဲ့ နှိုးလို့ရမယ်ထင်နေလား? ပါးသာချပလိုက်စမ်းပါ"
ကပြာကယာနှင့် ဟုန်ကျွင့်ပြန်ပြောသည် "သူကအရာရှိလေ! မင်းငါ့ကို ဆရာလာလုပ်နေတာလား?!"
ထပ်ပြီးအချိန်ဆွဲမနေတော့ဘဲ မိစ္ဆာငါးအရှေ့တိုးလာကာ ထိုနေရာတွင်ပင် လီကျင်းလုံကို လက်နှစ်ဖက်နှင့် ဖ ဖ ကနဲ မြည်အောင် ပါးချလိုက်သည်။ အားလုံးမှာ အသက်ထွက်မတတ်ကြောက်လန့်သွားကြပြီး အလျင်အမြန် အော်လိုက်သည် "တော်တော့!"
လီကျင်းလုံဆတ်ကနဲတုန်လှုပ်သွားပြီး ချက်ချင်းနိုးလာသည်။ သူတို့စကားဆုံးပြီး မရှေးမနှောင်းတွင်ပင် အားထိုက် လီကျင်းလုံနောက်စေ့ကို ဗျပ်စောင်းနှင့် အားကြီးနှင့်ရိုက်ချလိုက်သည်။ လီကျင်းလုံပါးစပ်မှ ပလုံပထွေးအသံတခုထွက်လာပြီးနောက် ပြန်သတိလစ်သွားတော့သည်။
"ကျောက်ကျစ်လုံ ထပ်ပြီးပြဿနာမရှာနဲ့တော့" ဟုန်ကျွင့်မှာ ငိုမဲ့မဲ့နှင့်။
ချိုရုန်စစ် ရုတ်တရက်အကြံရသွားပြီး ပြောသည် "သူတို့၂ယောက်ကို ထိုင်ခုံပေါ်မရွှေ့တင်ပြီး ကြိုးတွေဖြည်ပေးလိုက်မယ်။ နောက်ပြီး နိုးလာတာကိုစောင့်ကြမယ်လေ။ ငါတို့တွေ ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်နေလိုက်မယ်။ သူဘယ်လိုမေးမေး အပူရှိန်ကြောင့် မေ့လဲသွားတာလို့ပဲ တသံတည်းထွက်မယ်။ အဲ့လိုဆိုရင်ရော ဘယ်လိုလဲ?"
YOU ARE READING
Tianbao Fuyao Lu Myanmar Translation (天宝伏妖录)
Fantasyမိုးကုပ်စက်ဝိုင်းအလွန်မှ သိန်းသန်းချီသောငှက်များကို ဖီးနစ်ငှက်တကောင် ဉီးဆောင်လာခဲ့သည်။ ချန်အန်းတခွင်မှာ မီးပင်လယ်ပြင်လို ဟိန်းဟိန်းတောက်နေတဲ့ တိမ်စိုင်တွေဖုံးလွှမ်းနေတဲ့ ကောင်းကင်ကြီးကိုကျောခိုင်းရင် ပျံသန်းလာသည်။ လီကျင်းလုံတယောက် ဒဏ်ရာဗလပွနဲ့ တရွတ...