[Unicode] Chapter 4 လူ့ပြည်သို့ဝင်ရောက်လာသည့်ပဉ္စလက်ရောင်ခြယ်

130 24 0
                                    

Content warning - slight mention violence

"ဆွဲကြိုးပြတ်သွားပြီ၊ ဘယ်လိုလုပ်ရမလဲ? ဟင့်အင်း ငါ စိတ်အေးအေးထားမှဖြစ်မယ်။ ခုငါ့အရှေ့မှာရပ်နေတဲ့သူက ဒီပြဿနာတွေအားလုံးကို ဖြေရှင်းပေးနိုင်တယ်"

တလကြာပြီးနောက် -

လက်များအရှေ့ဆန့်ထုတ်ကြည့်လျှင်ပင် မမြင်ရနိုင်အောင် မှောင်မိုက်လှသော ညတညတွင် မိုးများသောသောဝေါဝေါ ရွာသွန်းနေသည်။ တဂျိမ်းဂျိမ်း မိုးခြိမ်းသံတို့နှင့်အတူ ကောင်းကင်ယံထက် တဖြက်ဖြက်နှင့်လျှပ်စီးများလက်လျက်ရှိသည်။

"ဘယ်ထွက်ပြေးသွားလဲမသိဘူး" ဟုန်ကျွင်းသည် မျက်နှာကိုသုတ်ရင်း အမှောင်ထဲလိုက်ရှာနေသည်။ ညအချိန်မှာ မရေတွက်နိုင်သော အန္တရာယ်များခိုအောင်းလျက်ရှိပုံရသည်။ 1*ယောင်ရ်ချီများ နေရာအနှံ့ပြန့်နှံလျက်ရှိသည်။

"အဲ့ဒီနောက်မလိုက်နဲတော့" - မိစ္ဆာငါးမှာ အနောက်မှအပြေးလိုက်လာရင်း အော်လိုက်သည်။ "ငါတို့ ချန်အန်းရောက်တော့မယ်"

—---------------------------------------------

"ငါတို့တတ်နိုင်သမျှ အကုန်ရှင်းပစ်ရမယ်" ဟုန်ကျွင်းပြန်အော်လိုက်သည်။

ဟုန်ကျွင်းမှာ ခေါင်းအစခြေအဆုံး စိုရွှဲကာ ‌မြေပြင်ကွက်လပ်တနေရာတွင် ရပ်နေသည်။ နှဖူးတွင် မိုးရေရွှဲနေသော ဆံနွယ်စများ တွယ်ကပ်နေပြီး ဟောဟဲဟောဟဲ ဖြစ်နေသည်။ ထိုက်ဟန်တောင်တန်းမှ ကွမ်လုံအထိ တထောင့်တညခရီးရှည်ကြီးကို ဖြတ်သန်းလာပြီးနောက် အဝတ်အစားများမှာ ရစရာမရှိအောင် ညစ်ပေစုတ်ပြတ် နေလေပြီ။ ဒဏ်ရာရထားပြီး ကိုယ်လုံးတဝက်မှာ သွေးများစွန်းနေသော်လည်း ထိုသွေးစတို့မှာ မိုးရေနှင့်အတူ ရွှံ့နွံထဲစီးဝင်သွားသည်။

ထိုအချိန် ဟုန်ကျွင်းအတွေးပုံရိပ်ထဲတွင် ချင်ချွမ်မြေရှိ တဲအိမ်များမီးစွဲနေပြီး ကလေးငယ်များ ရက်ရက်စက်စက် ခေါင်းဖြတ်ခံရသည့် မြင်ကွင်းတို့နှင့် ပြည့်နှက်နေသည်။

—---------------------------------------------

ခြေကုန်လက်ပမ်းကျလျက် ဘေးပတ်ဝန်းကျင်ပတ်ပတ်လည်ကို လှည့်ကြည့်သည်။ မြေကွက်လပ်ပေါ်ရှိ လယ်ကွင်းများကြား ယောင်ရ်များဖြတ်သန်းသွားလာနေသည့်ခြေသံများကို မိုးသံတို့က ဖုံးလွှမ်းထားလျက် လျှပ်စီးတဖြက်လက်ပြီးနောက် သဲကြီးမဲကြီးရွာချလိုက်သော မိုးစက်များသာ ကမ္ဘာမြေပြင်ပေါ် လွှမ်းခြုံသွားသည်။ အမှောင်ထုအတွင်း ဟုန်ကျွင်းလည်ပင်းတွင် ချိတ်ဆွဲထားသောဆွဲကြိုးမှ နွေးထွေးသည့်အလင်းရောင်ကိုသာ မြင်နိုင်သည်။

Tianbao Fuyao Lu Myanmar Translation (天宝伏妖录)Où les histoires vivent. Découvrez maintenant