Chapter 2 - အတိတ်မှပုံရိပ်များ

207 38 2
                                    

Translator - Leia Chen

"တကယ်ဟုတ်လား မဟုတ်ဘူးလား မင်းရင်ထဲမှာ အဖြေရှိနေပြီးသားပါ။"

ချင်းရှုန် ဟုန်ကျွင်းကို ချီပြီး အောက်ဆင်းရန်ဖယ်ကာ ကလိထိုးလိုက်သည့်အခါ ဟုန်ကျွင်း တခစ်ခစ်နှင့် ရယ်လေတော့သည်။ ဟုန်ကျွင်းကို သေသေချာချာ တည့်တည့်မတ်မတ်ရပ်ခိုင်းပြီး မေးလိုက်သည် - "ထပ်ပြီး မွှေလိုက်ပြန်ပြီလား?"

ဟုန်ကျွင်း၏ဖုန်များပေကျံနေသည့်လက်နှင့် မျက်နှာတခုလုံးကို ထိထားတာကြောင့် ချင်းရှုန်ကို မြင်ရသည်မှာ တော်တော်ရယ်စရာကောင်းနေသည်ကိုကြည့်ပြီး ဟုန်ကျွင်းမှာ အဟန့်အတားမရှိ လက်ညှိုးထိုးကာ ဟက်ဟက်ပက်ပက်ရယ်တော့သည်။ ချင်းရှုန်မှာ ဘာဖြစ်နေမှန်းမသိဘဲ အူကြောင်ကြောင်ဖြစ်သွားသည်။ ဒီတော့မှ ဘယ်လိုပုံစံဖြစ်နေသည်ကို ဟုန်ကျွင်း ကွက်ကွက်ကွင်းကွင်းရှင်းပြတော့သည်။ ချင်းရှုန်ကိုမြင်လိုက်တဲ့ ချုံ့မင်းပါ အရင်လိုခပ်တည်တည်မဟုတ် တမျိုးဖြစ်သွားတာကို သတိရလိုက်သောအခါ ကိုယ်တိုင်ရယ်မိတော့သည်။

၂ ယောက်သား အချိန်အတော်ကြာ အားရပါးရရယ်ပြီးနောက် ဆူပုပ်ပုပ်မျက်နှာထားလေးနှင့် ဟုန်ကျွင်း မေးလိုက်သည် - "သားအတွက် ဒီတခါဘာယူလာလဲ? ပေး! ပေး!"

"ဘာမှမပါဘူး" - ချင်းရှုန်ဖြေလိုက်သည်။

မယုံသဖြင့် ကိုယ်အနှံ့ ဟိုစမ်းဒီစမ်း ဟုန်ကျွင်းလိုက်ရှာကြည့်သည်။ ချင်းရှုန်သည် အမြဲလိုလို အင်္ကျီဗလာနှင့် ပစ္စည်းထည့်ရန်ဘောင်းဘီအိတ်ကပ် ၂ ခုသာရှိသည်။ ဟုန်ကျွင်းသည် လွယ်လွယ်နဲ့ အရှုံးမပေး၊ အိတ်ကပ်ထဲအတင်းနှိုက်စမ်းကာ တခုခုများထွက်လားမလား ထုတ်ကြည့်နေသည်။ သို့သော် ချင်းရှုန် အတည်ပေါက်နဲ့ ထပ်ပြောလိုက်သည် - "တကယ် ဘာမှမပါလာဘူး"

"စာအုပ်ရော မုန့်ရော ဘာမှလည်းမပါဘူး" - နှခမ်းလေးဆူကာ သုန်မှုန်နေသောမျက်နှာထားနှင့် ဟုန်ကျွင်းပြောလိုက်သည်။

ချင်းရှုန် သဘောကျကာ ရယ်လိုက်သည် - "အရင်တခါ ဒဏ္ဍာရီပုံပြင်စာအုပ်တွေရော အကုန်ဖတ်ပြီးပြီလား?"

Tianbao Fuyao Lu Myanmar Translation (天宝伏妖录)Onde histórias criam vida. Descubra agora