"ဘယ်လိုမှမဖြစ်နိုင်တာ အဲ့ဒီ့ငါးမှာ ခြေတွေလက်တွေပါပေါက်နေတာပဲဖြစ်သင့်တာ အဲ့ဒီကောင်ကသူ့ေခြထောက်မှာ အမွှေးတွေပါေပါက်ေနသေးတယ်"
လီကျင်းလုံ ပြန်မဖြေပါ။ မီးအိမ်ကြောင့်ထင်ဟပ်နေသော အရိပ်ယောင်မှာ ရပ်တန့်သွားသည့်အခါ ဟုန်ကျွင့်သည် အခွင့်ကောင်းယူကာ တံခါးကိုတွန်းဖွင့်ပြီးဝင်လိုက်သည်။
"ထွက်သွား" လီကျင်းလုံပြောသည် "မင်းအရာရှိရဲ့အခန်းထဲကို ဝင်ချင်တိုင်းဝင်လို့ရတယ်လို့ မင်းကိုဘယ်သူသင်ပေးခဲ့တာလဲ?"
ဟုန်ကျွင့်သည် ခေါင်းကုတ်ကာအပြင်ထွက်သွားပြီး အပြင်မှချောင်းကြည့်နေသည်။ မိစ္ဆာငါးသည် ဟုန်ကျွင့်ခြေထောက်နားတွင် ရပ်ရင်း ခွေးကတက်ကိုခေါင်းမီကာ လှမ်းကြည့်နေသည်။
လီကျင်းလုံ အိပ်ယာခင်းများကိုဖြန့်ခင်းပြီးနောက် မတ်တတ်ရပ်ကာ ဟုန်ကျွင့်ကိုလှည့်ကြည့်သည်။
"ကျွန်တော့်ကြောင့်နဲ့ ပြဿနာတက်သွားရတာထင်တယ်" ဟုန်ကျွင့်ပြောသည် "အခြေအနေတော်တော်ဆိုးသွားတာလား?"
လီကျင်းလုံ အသက်ပြင်းပြင်းတချက်ရှူရှိုက်လိုက်သည်။ သူထပ်ပြီး စိတ်ဆိုးတော့မည်ထင်ကာ လျင်မြန်စွာ ဟုန်ကျင့် အနောက်ဆုတ်လိုက်သည်။
"မင်းအသက်ဘယ်နနှစ်လဲ?" ဟုန်ကျွင့်ကိုသေချာအကဲခတ်ရင်း လီကျင်းလုံ မေးသည်။
ဟုန်ကျွင့် သူ့အသက်ကိုပြောပြလိုက်သည်။ အသံတိုးတိုးလေးနှင့် လီကျင်းလုံ ပြောသည် "မင်းမိစ္ဆာငါးကို သေချာစောင့်ကြည့်ထား။ အကယ်လို့ အပြင်ထွက်သွားပြီး လူတွေကိုကြောက်လန့်စေမယ်ဆိုရင် မင်းအိမ်ပြန်သင့်တယ်။ အဲ့ဒီလိုထပ်ဖြစ်လို့မရဘူး"
သူတို့ပြောနေသောအကြောင်းအရာများမှာ ပျင်းစရာကောင်းသည်ဟု မိစ္ဆာငါးတွေးပြီး တကောင်တည်း ထွက်ပြေးသွားသည်။ ဟုန်ကျွင့်ပြန်ပြောသည် "ကျွန်တော့်ကိုအိမ်ပြန်မပို့ပါနဲ့နော်။ သေချာသတိထားပါ့မယ်။ ကျွန်တော်အိမ်ပြန်လို့မရတော့လို့ပါ"
လီကျင်းလုံ အနည်းငယ်ထိတ်လန့်သွားသည်။ ဘာမှဆက်ပြောစရာမရှိတော့ဘူးဟု ဟုန်ကျွင့်ထင်သည့်အတွက် လျောက်လမ်းမှတဆင့် အနောက်ဆောင်ဘက်သို့ ထွက်သွားသည်။
![](https://img.wattpad.com/cover/295907013-288-k416130.jpg)
VOCÊ ESTÁ LENDO
Tianbao Fuyao Lu Myanmar Translation (天宝伏妖录)
Fantasiaမိုးကုပ်စက်ဝိုင်းအလွန်မှ သိန်းသန်းချီသောငှက်များကို ဖီးနစ်ငှက်တကောင် ဉီးဆောင်လာခဲ့သည်။ ချန်အန်းတခွင်မှာ မီးပင်လယ်ပြင်လို ဟိန်းဟိန်းတောက်နေတဲ့ တိမ်စိုင်တွေဖုံးလွှမ်းနေတဲ့ ကောင်းကင်ကြီးကိုကျောခိုင်းရင် ပျံသန်းလာသည်။ လီကျင်းလုံတယောက် ဒဏ်ရာဗလပွနဲ့ တရွတ...