Notes for The turned-off EXIT Light
တော်တော်လေး ငိုပြီးရေးရတဲ့ Fic လေးပါ
တကယ်ကို ဒီလိုအဆုံးမသတ်ချင်ပေမဲ့ ဒီအတိုင်းလေးပဲ အဆုံးသတ်လိုက်ပါတယ်
ဒါက အဖြစ်သင့်ဆုံးလို့ ယူဆတဲ့အတွက်ပါဒီ Fic လေးကို ရေးဖြစ်တာက အရင်တစ်ခါပြောခဲ့ဖူးတုန်းကလိုပဲ OCD ကနေ hypersexuality ဘက်ကို ကူးသွားတဲ့ အကြောင်းလေး ဖတ်ကြည့်ရင်း သဘောကျပြီးရေးဖြစ်တာပါ
Mature scene တွေ အားနည်းခဲ့တာအတွက် တောင်းပန်ပါတယ်Part 2 မှာကတည်းကပြောခဲ့သလိုပဲ ဒိုဂျောင်ဆူးက Straight စစ်စစ်ပါ
ဒီ Fic ကိုဖတ်တဲ့သူတွေက Chansoo ကိုသဘောကျလို့ သူတို့နှစ်ယောက်ကို အဆင်ပြေစေချင်ကြပေမဲ့
Ivy အတွက်ကျတော့ ရေးတဲ့သူဖြစ်နေတဲ့အတွက် Character တွေအားလုံးရဲ့ ရင်ထဲကိုဝင်ကြည့်ရပါတယ်Straight စစ်စစ်တစ်ယောက်က တခြားယောက်ျားတစ်ယောက်ရဲ့ B လိုနေရာမျိုးကို သူ့ဆန္ဒမပါဘဲရောက်သွားရတဲ့အခါ သူ့စိတ်ခံစားမှုက ဘယ်လိုဖြစ်နေမလဲ
သူကို ဒီလိုလုပ်တဲ့လူအပေါ် ဘယ်လောက်ခါးသီးနေမလဲဆိုတာတွေကို စဉ်းစားရပါတယ်သူက ချန်ယောလ်ကို မုန်းတာ မမုန်းတာထက် ချန်ယောလ်ဆီက လွတ်မြောက်သွားဖို့ပဲ အားသန်နေတဲ့လူမျိုး၊ နောက်ဆုံးမှာတစ်ယောက်တည်း မလွတ်မြောက်ချင်လို့ ချန်ယောလ်ကိုပါ တူတူလွတ်မြောက်ဖို့ ခေါ်သွားတဲ့အထိ သူ့ဘဝပေါ်မှာ ခါးသီးနေခဲ့ရတဲ့ လူမျိုးပါ
မောင်က လွတ်မြောက်စေချင်ခဲ့ပေမဲ့လို့ ကံမကောင်းတဲ့ ချန်ယောလ်ကတော့ မောင်ဆိုတဲ့ ချုပ်နှောင်မှုတွေကြားမှာ ဆက်လက်ရှင်သန်ပြီး ကျန်နေရစ်ခဲ့တယ်
ဘယ်သူမှ မမြင်အောင် ဝှက်ထားချင်လောက်တဲ့အထိ သူစွဲလန်းခဲ့ရတဲ့ မောင်ကို သူကလွဲပြီး ဘယ်သူမှ မမြင်နိုင်တော့ဘူးပေါ့သူများမမြင်နိုင်တာကို စိတ်မှန်းနဲ့ မြင်နေ တွေးနေ ဆက်သွယ်နေတာကလည်း ဆင့်ပွားစိတ်ရောဂါတစ်မျိုးပါပဲ
သူ့စိတ်ထဲမှာ သူချစ်တဲ့ မောင့်ကို သူမြင်ချင်ခဲ့သလို သူဖြစ်စေချင်ခဲ့သလိုမျိုး သူ့ဘာသာ Character သွင်းပြီး ပုံဖော်ထားတာမျိုးပါနေကြာပန်းတွေမကြိုက်တော့တာ၊ ဟာစောနာမည်နဲ့တက်တူးမရှိတော့တာ၊ ဟာစောမွေးနေ့နီးရင် သူ့ကို ပြဿနာမရှာတော့တာ၊ နေကြာပန်းပုံမဆွဲဘဲ ပင်လယ်ပုံပဲဆွဲနေတာ အကုန်လုံးက သူ့စိတ်ကူးနဲ့သူတည်ဆောက်ထားတဲ့ သူလိုချင်ခဲ့တဲ့ မောင့်ပုံစံပါပဲ

YOU ARE READING
The turned-off EXIT Light
Fanfictionဘယ်နည်းနဲ့မဆို မင်းဆီကနေ လွတ်မြောက်သွားဖို့က ငါ့ဘဝရဲ့အကြီးဆုံးမျှော်လင့်ချက်... (Unicode + Zawgyi)