The turned-off EXIT Light
Part 6ဒီနေ့သည် အမတ်မင်းပတ်၏ မွေးနေ့ဖြစ်သောကြောင့် မီဒီယာများနှင့်တွေ့ဆုံပွဲလုပ်ပြီး ရင်းရင်းနှီးနှီးကျင်းပရန် စီစဉ်ထားသည်။ အမတ်မင်း၏ သားဖြစ်သူကလည်း မွေးနေ့ပွဲတက်ရောက်ရမည်ဖြစ်ပြီး သားဖြစ်သူရဲ့ အသည်းအသက်လေးကလည်း တာဝန်အရ ပွဲကိုလိုက်တက်ရမည်ဖြစ်သည်။ အမတ်မင်း၏ လုံခြုံရေးအတွက် ပွဲကို ဝင်ခွင့်လက်မှတ်နှင့်သေချာစီစစ်ထားသည်။ ချန်ယောလ်က ဂျောင်ဆူးကို ခေါ်ပြီး အမတ်လောင်း၏ မွေးနေ့ပွဲရှိရာသို့ လာခဲ့သည်။
သူ့အနေနှင့်ဆို လူများပြီး ရှုပ်ထွေးသောနေရာတွေမှာဆို မောင်ထွက်ပြေးသွားမည်စိုး၍ မသွားလိုသော်လည်း ဖေဖေ့မွေးနေ့ပွဲဖြစ်နေသောကြောင့် မဖြစ်မနေသွားရသည်။ မောင်ကလည်း စိတ်မပါလှသော်လည်း ဖေဖေ့ကို ကျေးဇူးရှင်အနေနဲ့ သဘောထားပြီး အေးအေးဆေးဆေး ပါလာခဲ့သည်။
"မောင်..."
ချန်ယောလ်က ဂျောင်ဆူးလက်ဖမိုးကို နမ်းရင်း ခေါ်လိုက်သော်လည်း ဂျောင်ဆူးက အဖက်ပင်မလုပ်ပေ။
"ပွဲကလူများတယ် ပြီးတော့ လုံခြုံရေးလည်း တင်းကြပ်တယ်
ထွက်ပြေးဖို့တော့ မစဉ်းစားနဲ့နော်"ကားနောက်ခန်း မှန်ပေါက်ကနေ တစ်ဖက်ကို ငေးနေသော မောင်က ချန်ယောလ်ကို လှည့်ကြည့်ပြီး ပြုံးသည်။ စကားနားမထောင်ချင်တဲ့ ကလေးလို ခပ်ရွတ်ရွတ်အပြုံးမျိုးဖြစ်သည်။
"မင်းပြောတော့မှ ပြေးချင်လာပြီ"
"မောင်က အလိုလိုက်ထားတော့ ဆိုးလာလိုက်တာ"
"ဒါကိုအလိုလိုက်တယ်လို့ခေါ်တာလား ချန်ယောလ် မင်းသာငါ့ကိုတကယ်အလိုလိုက်ချင်ရင် ငါ့ကိုလွှတ်ပေးရမှာ"
"မောင် ဒီနေ့ ထွက်ပြေးဖို့ မကြိုးစားသင့်ဘူးဆိုတာကို သိထားရင်ရပြီ ကိုယ်စိတ်မတိုချင်ဘူး"
မွေးနေ့ပွဲကျင်းပမည့် ဟိုတယ်ကားပါကင်တွင် ကားရပ်သွားပြီး ကားတံခါးလာဖွင့်သောကြောင့် နှစ်ယောက်လုံးဆင်းလိုက်သည်။ ချန်ယောလ်က မောင့်ရဲ့လက်တွေကို မလွတ်တမ်းဆုပ်ကိုင်ထားပြီး သက်တော်စောင့်များ ခြံရံလျက် ပွဲခန်းမရှိရာသို့ လာခဲ့ကြသည်။ ဖေဖေနှင့်တွေ့တော့ ဖေဖေက ချန်ယောလ်ကို သူ့အနားမှာနေစေပြီး ဂျောင်ဆူးကိုတော့ သူတို့နဲ့အနီးဆုံး VIP စားပွဲမှာ နေရာပေးထားသည်။ ချန်ယောလ်က ဂျောင်ဆူးကို တရားဝင်စာချုပ်စာတမ်းနဲ့လက်ထပ်ယူထားခဲ့ပေမဲ့ လူသိရှင်ကြား လက်ထပ်ပွဲမျိုးတော့ မလုပ်ခဲ့ဖူးပေ။ အဖေက အမတ်မင်းဖြစ်နေသောကြောင့် လူကဲ့ရဲ့စရာဖြစ်နေသည့် ကိစ္စမျိုးမရှိအောင် သိုသိုသိပ်သိပ်နေခဲ့ကြရသည်။ ထို့ကြောင့် သတင်းသမားများပါသည့် ဒီလိုပွဲမျိုးမှာ ဂျောင်ဆူးကို ချန်ယောလ်အနား မနေစေတာဖြစ်သည်။
YOU ARE READING
The turned-off EXIT Light
Fanfictionဘယ်နည်းနဲ့မဆို မင်းဆီကနေ လွတ်မြောက်သွားဖို့က ငါ့ဘဝရဲ့အကြီးဆုံးမျှော်လင့်ချက်... (Unicode + Zawgyi)