Part - 2

4.3K 270 2
                                    

Unicode

အိမ်ထဲရောက်တော့ ဒယ်ဒီက ဧည့်ခန်းထဲမှာ စာအုပ်ထိုင်ဖတ်နေပြီး မာမီ့ကိုတော့ မတွေ့သေး

''ဒယ်ဒီ ကျနော်တို့ရောက်ပြီ''

"အော.. သားတို့တောင်ရောက်လာပြီကို.. Dong Hyun လည်းပါတာပဲ ငါတို့ မတွေ့ဖြစ်တာတောင် ကြာပြီကွာ မင်းနေကောင်းတယ်မလား''

Mr.Jeon က Mr.Kim ကို‌တွေ့တော့ ဝမ်းသာသွားဟန်ဖြင့် ပြောသည်

Mr.Kim နဲ့ Jungkook က Mr.Jeon ရဲ့ တစ်ဖက်တစ်ချက်စီတွင် ဝင်ထိုင်သည်

"အေးကွာ ကျန်းမာရေးကတော့ ကောင်းပါတယ် ငါလည်း မင်းနဲ့မတွေ့တာ ကြာပြီဆိုတော့ Jungkook နဲ့လိုက်ခဲ့လိုက်တာ မင်းရော နေကောင်းတယ်မလား''

''ဆိုပါတော့.. ညနေစာစားပြီးမှပြန် ငါတို့ဖြစ်တာလည်းကြာပြီ စကားလေးဘာလေး ပြောကြတာပေါ့ကွာ''

"ဟော.. သားလေး.. ဘယ်တုန်းကတည်းက ရောက်နေတာလဲ အော.. အကို Dong Hyun လည်းပါတာကို''

Mrs.Jeon မီးဖိုချောင်ထဲက ထွက်လာတော့ Jungkook ကိုတွေ့တာကြောင့် သူတို့ဆီလျှောက်လာရင်း အံသြတစ်ကြီး ပြောသည်

''အခုမှရောက်တာပါ မာမီ''

"အမလေး မာမီ့သားလေးကိုလွမ်းနေတာ..''

မာမီ ‌ဘေးတွင် ဝင်ထိုင်ကာ ကျနော့်အား လက်နှစ်ဖက်ဖြင့် ဆွဲဖက်ရင်း ပြောသည်

မာမီရဲ့ ရင်ခွင်ထဲတွင် ငြိမ်နေလိုက်သည် ကျနော်လည်း သူမကိုလွမ်းပါသည်

Mr.Kim နဲ့ Mr.Jeon ကတော့ Jungkook တို့သားမိကို ပြုံးကာကြည့်နေကြသည်

"Seo Yeon နဲ့ အန်တီကော နေကောင်းတယ်မလား"

ခဏကြာတော့ ဖက်ထားရာမှ လွှတ်ကာ Mrs.Jeon က Mr.Kim ရဲ့အမျိုးသမီးနှင့် ယောက္ခမအကြောင်း မေးလာသည်

"သူတို့လည်း နေကောင်းကြပါတယ်.. အင်း.. စကားမစပ်.. အခု ထယ်လေးက Jungkook ဆီမှာ အလုပ်လုပ်မလို့တဲ့ ကျနော်ဆီမှာ လုပ်ပါဆိုပြောမရဘူး Jungkook ဆီမှာဘဲ လုပ်ချင်ပါသတဲ့..''

သူ့အပြောကြောင့် Mr.Jeon တို့လင်မယားက တအံ့တဩ ဖြစ်နေသည် Jungkook ကတော့ ထိုအထိုင်းသာ မလှုပ်မယှက်ထိုင်ကာ သူ့တို့ကို ကြည့်နေသည်

JEONWhere stories live. Discover now