Part - 15

2.7K 136 1
                                    

Unicode

Jeon Taehyung တို့က လက်ထပ်ပြီးနောက်ပိုင်း တအားတွေကို ဆိုးလာတာ

တစ်ခုခု လိုချင်တာ မရရင် သူ့သဘောအတိုင်း မဖြစ်ရင် ကြမ်းပြင်ပေါ်တွင် ထိုင်ချကာ ခြေတွေ လက်တွေကို ဆောင့်ပြီး ‌ကွေးနေအောင်ကို ကောက်တော့တာ

အသံခပ်မာမာ မပြောနှင့် ပြောနေရင်းမှ အသံလေး နည်းနည်းကျယ်သွားလျှင်ကို မျက်နှာကမဲ့ဟာပြီး မျက်ရည်တို့ ဝိုင်းလာတော့သည်

တစ်ခုခုဆို အဲ့မျက်ရည်တွေက ငိုဖို့ကို အဆင်သင့် ရှိနေတော့တာ

အခုလည်း ဖျားနေတာကို ဆေးတိုက်တာ ဘယ်လိုမှမရ.. မနက်တည်းက တိုက်နေသည့် ဆေးဟာ ညနေပင်စောင်းတော့မည် နည်းနည်းလေးတောင် ပါးစပ်ထဲမဝင်သေး

ဆေးသောက်ဖို့ ပြောလျှင် ခေါင်းတခါခါ ခြေတစ်ခါခါနှင့် အိပ်ရာပေါ်ပြေးတက်ပြီး စောင်ကို ခေါင်းမြှီးခြုံထားကာ စောင်ပုံထဲမှ မထွက်လာတော့

အိပ်ရာထက်တွင် ငုတ်တုတ်လေး ထိုင်နေပြီး ဆေးအတင်း လိုက်တိုက်နေတာကြောင့် ကျနော့်ကို မကျေမနပ် ခပ်စောင်းစောင်း ကြည့်နေသည်

ဆေးခွက်ကိုကိုင်ပြီး ဂျစ်တိုက်နေသူကို ခပ်တည်တည် ကြည့်ပေးလိုက်သည်

"သောက်မှာလား မသောက်ဘူးလား"

"မ သောက် ဘူး"

ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် စကားကို တစ်လုံးချင်း ပြတ်ပြတ်သားသား ပြောလိုက်တာကြောင့် Jungkook တော်တော်မှ စိတ်ညစ်သွားလေတော့သည်

"ကောင်းတယ် မသောက်နဲ့ ဖြစ်ချင်ရာဖြစ်ပစေ"

ပြောပြီး ဆေးခွက်ကို အိပ်ရာဘေးမှ စားပွဲခုံပုပုလေးပေါ် ဖြစ်သလို ဆောင့်ချထားခဲ့ကာ တံခါးကို ဝုန်းခနဲ မြည်အောင် ပိတ်ကာ ထွက်သွားလေသည်

ပြောစကားကို တစ်လုံးတောင် နားမထောင်သည့် အဆိုးလေးကို အသည်းယားလွန်းလို့ ပေါင်ပေါ်တင်ကာ ဘောင်းဘီချွတ်ပြီး မက်မွန်သီးလေးတွေကိုသာ တဖြန်းဖြန်း ရိုက်ပစ်ချင်တော့သည်

ချစ်လွန်းလို့ အလိုလိုက်မှန်းသိတော့ တမင်တကာကို ဆိုးနေတာ.. တစ်ခါတလေတော့ မှတ်လိုက်သားလိုက်ရှိအောင် ပစ်ထားပေးမှ

JEONWhere stories live. Discover now