Part - 8

3.4K 185 0
                                    

Unicode

"ရောက်လာပြီလား ငါအကုန်ပြင်ထားပေးပြီးသွားပြီ အဆင်သင့်ပဲ"

Ryan က ဧည့်ခံထဲတွင် ဖုန်းပွတ်ရင်း ခြေချိတ်ကာ ထိုင်နေပြီး ကျနော်တို့ကို စောင့်နေပုံရသည်

Ryan.. သူက တက္ကသိုလ်တက်တုန်းက ရှားရှားပါးပါး တစ်ယောက်တည်းရှိသော သူငယ်ချင်းဖြစ်သည် အမေရိကန်လူမျိုးဖြစ်ပေမယ့် ကိုရီးယားသွေးတစ်ဝက်ပါသည်

နှစ်ယောက်လုံးက အသက်အရွယ်လည်းတူ ဝါသနာ အကျင့်စရိုက်တွေကအစ တူတာများသည်ဆိုတော့ ပေါင်းရသင်းရလည်း အဆင်ပြေသည်

နှစ်ယောက်အတူ တွေ့လိုက်ရင်တော့ အော်လိုက် ဟစ်လိုက် ဆဲလိုက်နှင့်ပေမယ့် တစ်ယောက်ကိုယ် တစ်ယောက်တော့ အတော်ချစ်ကြပါသည်

သူက အေးဆေးသမားဆိုတော့ ခေါင်းရှုပ်တဲ့ ကုမ္ပဏီ အလုပ်တွေ စိတ်မဝင်စား.. ဝါသနာပါရာ အလုပ်ကိုသာ လုပ်သည်

တစ်ခါတလေကျရင်လည်း သူ့ကို အားကျမိသည် ကိုယ်က အလုပ်ပုံထဲ ခေါင်းနစ်နေသည့် အချိန် သူကတော့ သူလုပ်ချင်တာလေးလုပ်လိုက် မလုပ်ချင်ရင် နားလိုက်နှင့် သာသာယာယာပဲ

သူ့ကို အားကျသည်ဟု ရှေ့တွင် ပြောမိလျှင် မျက်ခုံးတပင့်ပင့်နှင့် မြောက်ကြွမြောက်ကြွကို ဖြစ်နေတော့တာ..

''JK မင်းဟာလေးက တကယ်အလှလေး.. ကြိုက်မဲ့ကြိုက်တော့လည်း ရှယ်ကိုမှနော်..''

ထိုင်နေရာမှ ကျနော့်ဆီ လျှောက်လာကာ မျက်လုံးတွေကတော့ ဘေးမှအတူလျှောက်လာသည့် ထယ့်ဆီ သွားကပ်လေသည်

တကယ်ပါ တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ ဒီလောက်လှတဲ့ ယောက်ျားလေးမျိုးကို မမြင်ဖူးခဲ့.. Jeon Jungkook တို့ ဘယ်လိုတောင် ရှာထားသလဲပဲ

ဟိုးအရင်ထဲက သူ့ဟာလေး ချောကြောင်း လှကြောင်း တကြွားကြွားလုပ်နေတာ အဲ့ကတည်းက မြင်ချင်နေခဲ့ပေမယ့် ခုမှသာတွေ့ဖူးတာ ဖြစ်သည်

Ryan ၏ မျက်ဝန်းတွေက Taehyung ဆီကကို မခွာတော့ဘဲ သေ‌သေချာချာကို စိုက်ကြည့်နေတာကြောင့် Jungkook တဖြည်းဖြည်းနှင့် တင်းလာတော့သည်

"‌ယျောင့် မင်း ငါ့လက်စာမမိချင်ရင် ငါ့ဟာလေးကို ငမ်းကြောထနေတာ တော်လိုက်တော့''

JEONWhere stories live. Discover now