Part - 20

2.9K 134 0
                                    

Unicode

ကျနော်တို့နှစ်ယောက်လုံး ဆေးရုံတွင် ဖြစ်သည် မွေးဖို့ရက်က နီးလာပြီ ဖြစ်တာကြောင့် ဆေးရုံတက်နေရပြီ ဖြစ်သည်

ဆေးရုံတက်ရသည့် နေ့မှစ၍ Jungkook အိမ်ကို မပြန်တော့ဘဲ ဆေးရုံတွင်သာ‌နေသည်

"နိုးလာပြီလား.."

လက်ချောင်းလေးတွေ လှုပ်ရှားလာပြီး မျက်တောင်လေးတွေ ဖြည်းဖြည်းချင်း ပွင့်လာသည်

ပထမဆုံး မြင်လိုက်ရသည်က ကုတင်ဘေးတွင် ထိုင်နေသော Jeon.. ကျနော့်လက်ဖဝါးတွေကို သူ၏ ခပ်ကျယ်ကျယ် လက်ဖဝါးထဲထည့်ကာ ဆုပ်ကိုင်ထားသည်

ဒီပုံစံအတိုင်းဆို ညက ဆိုဖာပေါ်တွင် မအိပ်ဘဲ ကုတင်ဘေးတွင်ထိုင်ပြီး အိပ်ပုံရသည်

ကျနော့်ကုတင်က တစ်ယောက်ကုတင် ဖြစ်တာကြောင့် ကျနော်တစ်ယောက်တည်းသာ ဆန့်သည်

အိမ်မှာတော့ ကုတင်ပေါ်တွင် နှစ်ယောက်အတူတူ အိပ်နေကျဖြစ်သည် အခုက ဆေးရုံမှာဆိုတော့ အတူတူအိပ်လို့ကမရ..

သူက ကျနော်နဲ့မှ အတူတူ မအိပ်ရရင် အိပ်မပျော်..

ကုတင်ဘေးတွင် ထိုင်ပြီး ကုတင်ပေါ် ‌ခေါင်းမှောက် အိပ်တာ ကြာရင် ဇာတ်နာမှာဆိုးသည်ကြောင့် ဆိုဖာပေါ်မှာ အိပ်ဆိုတာကို ပြောလို့မရ.. ဘေးတွင်သာ လက်ကိုကိုင်ထားရင်း အတင်း လာကပ်အိပ်သည်

"ဒီမှာ လာအိပ်ပြန်ပြီလား.. ဆိုဖာပေါ်မှာ အိပ်ဆိုတာကို.."

ကိုင်ထားသော လက်ကိုဆွဲယူပြီး လက်ဖမိုးပေါ်သို့ ခပ်ဖွဖွနမ်းလိုက်ပြီး

"ကိုယ်မှ ထယ်မရှိရင် အိပ်မပျော်တာ.."

"ဒီတိုင်းကြီး အိပ်နေတာ ကြာတော့ ဇာတ်နာမှာဆိုးလို့.."

"ကိုယ့်ကို စိတ်မပူနဲ့.. ကိုယ်ဘာမှမဖြစ်ဘူး"

ထိုင်နေရာမှ ထကာ ကိုယ်ကို ကိုင်းပြီး နဖူးလေးပေါ် အနမ်းခြွေလိုက်သည်

"မျက်နှာသစ်တော့မယ်မလား ကိုယ် ယူခဲ့ပေးမယ်"

"ရတယ်.. ရေချိုးခန်းထဲမှာပဲ လုပ်လိုက်မယ် ရေချိူးခန်းထဲလိုက်ပို့.."

JEONWhere stories live. Discover now