JEON

2.6K 131 1
                                    

Unicode

"ကိုယ့်အတွက်လည်း လုပ်ပေးဆိုကွာ"

"Jeon ခန္ဓာကိုယ်ကြီးက အကြီးကြီး မလုပ်နိုင်ဘူး"

"ထယ် အရင်ကတောင် ကိုယ့်ကို တစ်ခုလုပ်ပေးထားတာပဲကို အခုကျ.. ကိုယ်သိပါတယ် မင်းကိုယ့်ကို အရင်လောက် မချစ်တော့ပါဘူး"

"ဟော.. မျက်နှာက ချက်ချင်း ဘာဖြစ်သွားရတာလဲ"

ကျနော်တို့နှစ်ယောက် အိပ်ခန်းထဲတွင် ရှိနေတာဖြစ်ပြီး Jeon က မျက်စိပျက် မျက်နှာပျက်နှင့် ပြတင်းပေါက်နားကို လျှောက်သွားသဖြင့် နောက်ကလိုက်ရပြန်သည်

မျက်နှာချင်းဆိုင်တွင် ရပ်ကာ မျက်နှာကို လက်နှင့်ဆွဲယူကာ အကြည့်ချင်းဆုံစေတော့ ကျနော့်ကို ပြန်ကြည့်မလာ

အခုနောက်ပိုင်း သူက ကျနော့်ကို ကလေးတွေနှင့် အပြိုင် တအားတွေကို သဝန်တိုသည်

ကလေးတွေကို တစ်ခုခုလုပ်ပေးလျှင် သူကိုလည်း တစ်ခုခုလုပ်ပေးရသည် မလုပ်ပေးလျှင် မျက်မှောင်တွေကြုတ်ကာ မျက်နှာကြီး သုန်မှုန်ပြီး တစ်နေ့လုံးကို ရစ်တော့တာ..

ပြီးရင်လည်း ပြောသေး 'ကိုယ့်ကို အရင်ကလောက် မချစ်‌တော့ဘူး' တဲ့

ဒီနှစ် ခရစ်စမတ်က နီးနေပြီဖြစ်တာကြောင့် ကလေးနှစ်ယောက်အတွက် မာဖလာ ဆင်တူလေး ထိုးပေးတာ ဖြစ်သည်

အဲဒါကို သူ့အတွက် မပါလို့ဆိုပြီး ရစ်နေတာ မိုးလင်းကတည်းက

သူ့ခန္ဓာကိုယ် အကြီးကြီးအတွက် မာဖလာထိုးပေးဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်.. ပြီးတော့ ထိုးပေးဖြစ်ရင်တောင် ခရစ်စမတ် အမှီမပြီးနိုင်.. ခရစ်စမတ်လက်ဆောင်ကို ခရစ်စမတ်အမှီပဲ ပေးချင်သည်

ထိုအချက်တွေကြောင့် ကလေးနှစ်ယောက်ကိုသာ မာဖလာ ထိုးပေးပြီး သူ့အတွက် မာဖလာ မထိုးပေးဖြစ်ခြင်းဖြစ်သည်

သူက မာဖလာ ပတ်တာ မရှိသလောက်ကို ရှားသည် သူ့ကို မာဖလာနှင့်တွဲ၍ မမြင်ဖူးခဲ့..

ထို့ကြောင့် အကောင်းဆုံးချည်ကို ရှာဝယ်ကာ သူ့အတွက် မာဖလာ တစ်ထည်ကို အောက်နားလေးမှာ JEON ‌ဆိုပြီး နာမည်သေးသေးလေး ရေးထိုး၍ သူ့ကို မွေးနေ့လက်ဆောင်အဖြစ် ပေးခဲ့ဖူးသည်

JEONWhere stories live. Discover now