Part - 21

2.5K 141 0
                                    

Unicode

အိပ်ရာမှ နိုးနိုးချင်း ထကာ Gukie ကိုသွားကြည့်တော့ နို့ဆာနေသည်ထင် ပုခတ်ထဲတွင် လူးလိမ့်နေကာ ထငိုရန်ပြင်နေသည်

"ဟိတ်.. ရှူး.. မငိုနဲ့ဦး.. မင်း ပါးပါးနိုးသွားမယ်"

နှုတ်ခမ်းပေါ် လက်ညိုးတင်ကာ မငိုရန်တားပေမယ့် နားမလည်သေးတာကြောင့် နှူတ်ခမ်းသားလေးတွေ မဲ့လာကာ အော်ငိုရန် ပြင်ပါလေတော့သည်

အလျင်အမြန် ကောက်ပွေ့ကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်

မဟုတ်လျှင် ခပ်စူးစူးငိုသံလေးကြောင့် ထယ်နိုးသွားလိမ့်မည်

ထယ်က အခုနောက်ပိုင်း ညဘက်တွေဆို Gukie ကို သိပ်ပြီး သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီဆိုမှသာ အိပ်ရသည်

တစ်ခါတလေဆိုလည်း သားက တစ်ရေးနိုးလာလျှင် နို့ဆာတာကြောင့် ထထငိုတတ်သည်

ထိုညမျိုးဆို ထယ် အိပ်ရေးဝအောင် မအိပ်ရ..

သားကလည်း လက်ပေါ်တွင် ချီထားပြီး သိပ်မှအိပ်တတ်တဲ့ လက်သိပ်ကြိုက်သည့် အမျိုး..

ညညဆို Gukie ကို ချီပြီး အခန်းထဲကို လမ်းလျှောက်ရင်း ချီပြီးချော့သိပ်မှ ကိုယ်တော်ချောလေးက အိပ်သည်

ထယ့်မှာ ညညဆို သူ့ကို ချီကာ လမ်းလျှောက်ရင်း ချော့သိပ်ရသည်

ထယ်ပင်ပန်းမှာဆိုးလို့ သားကို ကျနော် ချီပြီး သိပ်ပေးဖို့လုပ်ပေးမယ့် သားက ထယ့်လက်ပေါ်တွင်သာ အိပ်တတ်သည်

Gukie ၏ အခန်းထဲသို့ ဝင်ကာ သူ့ကို အိပ်ရာပေါ်ချလိုက်ပြီး နို့ဖျော်ပေးရန် ပြင်ရတော့သည်

"ခဏလေး.. ဒယ်ဒီ မြန်မြန်လုပ်ပေးမယ်.."

နို့မှုန့်နှင့် ရေနွေးကို အချိုးအစား မျှတစွာ ထည့်ပြီး ခွက်ထဲတွင် အရင်ဖျော်ပြီးမှ နို့ဘူးထဲသို့ ပြောင်းထည့်လိုက်သည်

"ဒီတိုင်းဆို ပူသေးတယ်.. တိုက်လို့ မဖြစ်သေးဘူး"

မြန်မြန်အေးဖို့ရာ ရေချိုးခန်းထဲက ရေတစ်ခွက်ပြေးခပ်ပြီး နို့ဘူးကို ရေထဲစိမ်ထားလိုက်သည်

JEONWhere stories live. Discover now