Part - 5

4.4K 265 5
                                    

Unicode

ချစ်သေးလားတဲ့.. ဟက် သူမို့ မေးရက်သည် ဒီကကောင်က သူ့ကို ဘယ်လောက်တောင် ချစ်လိုက်လဲ မသိတာလည်းမဟုတ်

မသွားပါနဲ့လို့ တောင်းပန်နေရင်းမှ ထားသွားတဲ့လူကို မမေ့နိုင် မမုန်းနိုင်ဘဲ ပြန်လာမယ့် အချိန်ကို အရူးလိုစောင့်နေတဲ့ ကိုယ့်ကိုယ်ကိုယ်သာ မုန်းတော့သည်

ပထမတစ်ခေါက်တည်းက ရစရာမရှိအောင် ဘဝကစုတ်ပြတ်နေပြီမို့ ဒီတစ်ခေါက်သာဆို သေဖို့ရာသာ ရှိတော့သည်

မချစ်တာမဟုတ် ကြောက်နေတာ အရင်တစ်ခါလို ထားသွားခဲ့ရင်ဆိုတဲ့ အတွေးက သတ်နေတာ

နေမကောင်းဖြစ်တဲ့ ညက
ကြားတာပေါ့.. တရှုံ့ရှုံ့ငိုသံလေးတွေ မျက်ရည်တွေ သုတ်ပေးပြီး ရင်ခွင်ထဲထည့်ကာ တဖွဖွနမ်းရင်း ချော့ချင်ခဲ့တာ..

ထွက်သွားလို့ ပြောနေပေမယ့် သူ့ကို ရင်ခွင်ထဲထည့်ကာ ဘယ်လောက်တောင် ထွေးပွေ့ချင်လိုက်လဲ မျက်နှာတစ်ခုလုံးကို ဘယ်လောက်တောင်မှ နမ်းရှုံ့ချင်လိုက်လဲ..

သူ့ကို သေလောက်အောင် လွမ်းနေခဲ့တာ..

ကားပေါ်မှာလည်း အူလည်လည်ပုံစံနဲ့ ဘာတွေအတွေးများနေလဲမသိ တကယ်အသည်းယားစရာ.. ဆွဲဆက်ပြီး ဖျစ်ညှစ်နမ်းချင်စိတ်ကို မနည်းထိန်းထားရသည်

လက်ထပ်ဖို့ကိစ္စက ကြိုသိနေခဲ့တာဖြစ်သည် သူ့ရှေ့မှာသာ ဘာမှမဖြစ် စိတ်မဝင်စားသလို ဟန်ဆောင်နေပေမယ့် တကယ်တမ်းတော့ ဘယ်လောက်တောင် ပျော်နေလဲဆိုသာ ကိုယ်သာလျှင်အသိဆုံး

သူကတော့ ကိုယ့်ကိုကြည့်ပြီး ဘာတွေအတွေးများသွားလဲမသိ မျက်နှာလေး သိပ်မကောင်းရှာ

သူ့ကို ဘယ်လောက်တောင် ချစ်ခဲ့လဲဆိုတာ ကိုယ်တိုင်လည်း သိသလို သူလည်းသိသည် အချစ်ဦးကလည်း သူဖြစ်သလို အချစ်ဆုံးကလည်း သူတစ်ယောက်တည်းသာ..

သူ့ကို မြင်လိုက်တာနဲ့ ဘယ်လောက်မုန်းပါတယ် ပြောပြော မီးကိုရေနဲ့ ငြှိမ်းလိုက်သလို..

သေလောက်အောင် ချစ်ခဲ့ရတဲ့လူကို ဘယ်လိုလုပ် မုန်းရက်နိုင်မှာတဲ့လဲ
___

JEONWhere stories live. Discover now