Part - 13

2.9K 135 3
                                    

Unicode

ဒီနေ့ကတော့ ဘယ်မှ‌လျှောက်မလည်ဘဲ ဟိုတယ်မှာပဲ movie date မည်

ဆိုဖာပေါ်မှာ နှစ်ယောက်သား အကျအနထိုင်နေပေမယ့် ခုထိကြည့်မယ့် ရုပ်ရှင်ကို စဉ်းစားမရသေး

"ဘာကြည့်ချင်လဲ"

"Jeon ကော''

"ကိုယ်က ဘာဖြစ်ဖြစ်ရတယ်"

သွယ်လျလျ လက်ညိုးလေးဖြင့် မေ့စေ့ကို ပွတ်ကာ မျက်တောင်လေး တဖျတ်ဖျတ်ခက်၍ စဉ်းစားနေပုံက ချစ်ဖို့ကောင်းလွန်းလို့ ဆွဲနမ်းပစ်ချစ်စရာ ‌ကောင်းလှသည်

"Twilight!"

Twilight က နှစ်ယောက်လုံးရဲ့ favorite.. ဒါပေမဲ့ နှစ်ယောက်အတူတူ တစ်ခါမှ မကြည့်ဖူးသေး

''Jeon က ရုပ်ရှင်ကြည့်ဖို့ လုပ်ပေးထား.. ထယ်က ကြည့်ရင်းစားဖို့ မုန့်တွေ သွားယူလိုက်ဦးမယ်"

ပြောကာ ထသွားသည်က ခုနက ပျင်းရိစွာ ထိုင်နေတာ သူမဟုတ်သလို.. အစားနဲ့ ပတ်သတ်ရင် ပျင်းတယ်ဆိုတာကို မရှိဘူး

ဆိုဖာရှေ့က စားပွဲပေါ်မှာ ရုပ်ရှင်ကြည့်ရင်း စားဖို့်ချထားသည့် မုန့်တွေက မနည်းမနော

ဆိုဖာပေါ်တွင် နှစ်ယောက်အတူ ထိုင်နေကြပြီး Taehyung Jungkook ပုခုံးပေါ် ခေါင်းလေး တင်ကာ မှီထားရင်း စိတ်ဝင်တစားဖြင့် ရုပ်ရှင်ကြည့်နေကာ ပါးစပ်လေး တလှုပ်လှုပ်နှင့် မုန့်စားလည်း မပျက်စေရ

Twilight က ကျနော့်အတွက်တော့ ဘယ်နှစ်ခါကြည့်ကြည့် ရိုးသွားတယ်ကို မရှိဘူး

Jungkook ကတော့ ရှေ့ကရုပ်ရှင်ထက် ဘေးက ရင်ခွင်ထဲ ဝင်မတက် မှီကာထိုင်နေသည့် Taehyung ကိုသာ ပိုစိတ်ဝင်စားသည်ထင်

ဆံပင်လေးတွေကို ဆွဲဖွလိုက် နှာဖျားလေးကို လက်နဲ့ သွားတို့ထိလိုက်ဖြင့်သာ လုပ်နေ၍ ရှေ့က ရှပ်ရှင်ကို အာရုံမရ

ကျနော်ဘာလုပ်လုပ် ထယ်က အာရုံရပုံမပေါ်..
သူသဘောကျတာမို့ ရုပ်ရှင်ထဲ မျောနေတာ..
အရင်လိုသာဆို ပြန်အော်ပြီးရောပေါ့

နာရီကြည့်လိုက်တော့ ခုနှစ်နာရီတောင် ထိုးတော့မည် မနက်စာစားပြီးတည်းက ထိုင်ကြည့်နေတာ အချိန်တွေ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိ ထိုင်နေတာကြာပြီ ဖြစ်တာကြောင့် ပေါင်တွေလည်း တော်တော် ညောင်းနေပြီဖြစ်သည်

JEONWhere stories live. Discover now