Unicode
"နောက်တစ်ခေါက်ကျရင်လည်း ကိုယ်ဖုန်းကြိုဆက်မယ်နော် ထပ်တွေ့ရအောင်.."
"ဟုတ်ကဲ့ Hyung.."
"အိမ်မှာ တစ်ယောက်တည်းမလား ဂရုစိုက်ပြီးနေဦး.."
"ဟုတ်ကဲ့.."
"အဲဒါဆို အိမ်ထဲဝင်တော့.."
Hyung ကို နှုတ်ဆက်ကာ ကားပေါ်မှ ဆင်းလာခဲ့လိုက်သည်
အိမ်ထဲသို့ ရောက်လျှင် မြင်လိုက်ရသော အရာကြောင့် မျက်လုံးတွေ ပြူးခနဲ
Jeon.. သူ.. သူက ဧည့်ခန်းထဲမှ ဆိုဖာပေါ်တွင် ဆိုဖာကိုမှီထားပြီး ခြေချိတ်ကာ မိန့်မိန့်ကြီး ထိုင်နေတာ..
အလုပ်ကိစ္စနဲ့ အပြင်သွားနေတဲ့ လူက ဘယ်လိုလုပ် ချက်ချင်းကြီး ပြန်ရောက်လာရတာလဲ
"တော်တော်မှ ပျော်ခဲ့ရဲ့လား Kim Taehyung Shi"
တွန့်ချိုးနေသော မျက်ခုံးနှစ်ဖက်.. အံကြိတ်ထားတာကြောင့် တင်းနေသော မေးရိုးတွေ.. မီးတဝင်းဝင်းတောက်နေသော မျက်ဝန်းတွေ..
ပြီးတော့ Kim Taehyung လို့ ခေါ်ပုံထောက်ရင် ဘယ်လောက်တောင် စိတ်ဆိုးနေကြောင်း မပြောဘဲသိသည်
Kim Taehyung ရေ မင်းတော့ သြေပ်ီပဲ
သူ့အနားမကပ်ရဲတာကြောင့် နည်းနည်း ဝေးဝေးတွေ ရပ်နေတာတောင် အန္တရာယ် အငွေ့အသက်တွေ ရနေသည်
"နေကောင်းခါစမို့ စိတ်မချလို့ သွားတာတောင် ဖြောင့်ဖြောင့်တန်းတန်း မသွားနိုင်တာ.. ညနေတည်းက ဖုန်းတွေဆက်နေတာ မကိုင်ဘူး.. ဒီကကောင်က ရူးတော့မယ်ကွ မင်းသိလား"
Jungkook အသံက ဧည့်ခန်းတစ်ခုလုံးကို ဟိန်းထွက်လျက်.. Taehyung မှာ ကြောက်လွန်းလို့ ဒူးတွေပင် တုန်ချင်ချင်
သူနဲ့ အဆင်ပြန်ပြေပြီးတဲ့ နောက်ပိုင်း သူဒီလောက်ထိ ဒေါသထွက်နေတာမျိုး မမြင်ဖူး.. မျက်လုံးတွေက မီးတွေ ထတောက်တော့မည့် အတိုင်း
"ဟို.. ဟို ဖုန်းကလေ.. အိမ်မှာ ကျန်ခဲ့လို့.."
"တောက်!"
ကျယ်လောင်စွာ ပေါ်ထွက်လာသော တောက်ခေါက်သံကြောင့် Taehyung ကိုယ်လေး တုန်ခနဲ