Part - 4

4K 254 3
                                    

Unicode

Jeon ရဲ့အခန်းရှေ့ရောက်တော့ တံခါးဝမှာရပ်ကာ စဉ်းစားနေမိသည်

password ပြောင်းလိုက်ပြီလား အရင်တိုင်းပဲလား ဆိုတာမသိ.. ထို့ကြောင့် အရင် password ကို ရိုက်ကြည့်လို့ မရတော့မှဘဲ bell တီးလိုက်မည်ဟု စိတ်ကူးလိုက်သည်

‌မွေးနေ့ကို ရိုက်လိုက်တော့ ပွင့်သွားတဲ့ တံခါးကြောင့် အံ့သြသွားရသည်

သူက ဒီလောက်နှစ်တွေ ကြာသွားတာတောင် password ဒီတိုင်းပဲထားခဲ့တာလား.. ဘာပဲဖြစ်ဖြစ်တော့ ကျနော် အရမ်းပျော်ပါသည်

အထဲကို ဝင်လိုက်ပြီး လှည့်ပတ်ကာ ကြည့်လိုက်တော့ ပစ္စည်းတွေက အရင်အတိုင်း သူ့နေရာနဲ့သူ ဘာမှမပြောင်းလဲဘဲ ရှိနေသည်

ဒါပေမယ့် ကျနော်နဲ့ သူ့ရဲ့ဆက်ဆံရေးကတော့ အရင်အတိုင်း မဟုတ်တော့ဘဲ ပြောင်းလဲသွားခဲ့ပါသည်..

အတွေးတို့ကို ရပ်ကာ သူ့ကို မတွေ့တာမို့ လိုက်ရှာလိုက်သည် ဘယ်မှမှမတွေ့.. Jeon ဘယ်ရောက်နေတာလဲ.. အိမ်မှာမရှိတာလား..

နောက်မှ သတိရမိသည်က သူ့ရဲ့အခန်း..

အခန်းဆီသို့ ခပ်သွက်သွက် လျှောက်လာလိုက်ပြီး တံခါးရှေ့ရောက်တော့ ဒီတိုင်းဖွင့်လိုက်ရမလား တံခါးခေါက်သင့်လားဆိုတာ တွေဝေနေမိသည်

တံခါးခေါက်လိုက်တော့လည်း လာမဖွင့်တာမို့ ကိုယ့်ဘာသာကိုယ် ဖွင့်ဝင်လိုက်တော့သည်

အခန်းထဲသို့ ရောက်သည်နှင့် အရင်ဆုံး ရလိုက်သည်က သူ့ရဲ့ကိုယ်သင်းနံလေး.. မျက်လုံးမှိတ်ကာ ရှုရှိုက်နေမိ‌တော့သည်.. ဒီအနံ့လေးနဲ့ ဝေးနေတာ ကြာရောပေါ့..

မျက်လုံးပြန်ဖွင့်ကာ ကြည့်လိုက်တော့ အိပ်ရာပေါ်မှာ စောင်ပုံကြီး.. ခုနက အနံ့ဆီ စိတ်ရောက်နေတာမို့ မမြင်တာဖြစ်သည်

အနားသို့ လျှောက်သွားကာ စောင်ကိုလှပ်ကြည့်လိုက်တော့ သူအိပ်နေခြင်း..

တစ်ခါမှ ဒီအချိန် မအိပ်ဖူးပါဘူး ဘာဖြစ်လို့ပါလိမ့်..

မသင်္ကာတော့သည်မို့ နှဖူးပေါ်လက်တင်ကာ စမ်းလိုက်တော့ အပူချိန်က ကြက်ဥတောင် ကြော်လို့ရသည်

JEONWhere stories live. Discover now