"Venomဆိုတဲ့လူက အင်မတန်ကြောက်စရာကောင်းတဲ့လူပဲ ။သွားမပတ်သတ်တာကောင်းမယ် "
"အခန့်မသင့်ရင် မင်းလက်ချောင်းတွေကို တစ်ချောင်းချင်းဖြတ်တာ ခံရလိမ့်မယ်"
"သူ့နယ်ပယ်မှာ မဟုတ်တာ မလုပ်ရင်ကောင်းမယ်"
"အဲ့လူက နှလုံးသားတောင်ရှိရဲ့လား"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဈာပန အခမ်းအနားတစ်ခုမှာ အမျိုးသား အယောက်သုံးဆယ်နီးပါး တစ်ကိုယ်လုံး အမည်းရောင် suit အပြည့်အစုံဖြင့် ဈာပန အခမ်းအနားမှ ဓာတ်ပုံကို ဦးညွှတ်အရိုအသေပေးနေကြသည်။
ဒီနေ့ဟာ သူတို့ခေါင်းဆောင်ရဲ့ တစ်ဦးတည်းသော တွယ်တာစရာ ဖြစ်တဲ့ မိခင်ရဲ့ ဈာပနပါ။
ရှေ့ဆုံးမှ အရိုအသေပေးနေသော အမျိုးသားက ကိုယ်နေဟန်ထားကို ပြန်ပြင်လိုက်သည်။လက်မှာ စည်းနှောင်ထားတဲ့ ပတ်တီးကို တစ်ချက်ကြည့်ပြီး မိခင်ဆုံးတဲ့သတင်းကြားတုန်းက သတိလက်လွတ်ဖြစ်တုန်း တစ်ဖက်က ဓားချက်ကို လှမ်းကာရင်း ရသွားသော ဒဏ်ရာဖြစ်သည်။
ထို့နောက် သူ့နောက်ကမှ အမျိုးသားကို မေးတစ်ချက်ဆတ်ပြရင်း
"Jake...ဒီနေ့ ငါတစ်ယောက်တည်း နေချင်တယ်"
"မဖြစ်ဘူး။ Venom အရမ်းအန္တရာယ်များတယ်"
Jakeက တစ်ဦးတည်းသော လူယုံဖြစ်ပြီး သူနဲ့ ငယ်ငယ်တည်းက အတူတူကြီးပြင်းလာသောကြောင့် အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်သည်။ သူ့နာမည်ကို အပြည့်အစုံခေါ်ရဲတဲ့ သူ့ရဲ့တစ်ဦးတည်းသော တပည့်ဖြစ်သည်။
"Jake..."လို့ တိုးတိုးခေါ်ရင်း မျက်မှောင်ကျုံ့သွားတော့
"မင်းကို တစ်ယောက်တည်းတော့ မထားနိုင်ဘူး။ငါတို့ မင်းကိုမြင်နိုင်တဲ့ အကွာအဝေးမှာတော့ နေရလိမ့်မယ် Venom"
တိုးတိုး ပြောနေခြင်းဖြစ်သောကြောင့်Jakeက နာမည်အပြည့်အစုံသာခေါ်သည်။သူ့သူငယ်ချင်းပတ်လည်မှာ အန္တရာယ်တွေ အမြဲဝိုင်းနေတာ သူသိသည်။
ငယ်ငယ်တည်းက Venom စိတ်ကို သိနေခဲ့တာကြောင့် မဟုတ်တာလုပ်ရင်တော့ အရှင်မထားမှန်းသူသိသည်။ပြတ်သားရက်စက်တတ်တဲ့ စိတ်ဓာတ်က Venom အဖေဆီက အပြည့်အဝရခဲ့တာဖြစ်သည်။ Venomအဖေကလည်း ခေသူမဟုတ်။Gamblingလောကမှာ ကျင်လည်ခဲ့ပြီး အရှိန်အဟုန်ကြီးမားသူဖြစ်သည်။တရားဝင်လုပ်ငန်းများစွာလည်းရှိပြီး တော်တော်ကြီးကို ချမ်းသာကြွယ်ဝသူဖြစ်သည်။သူ့သားကလည်း ဖခင်ခြေရာကို အမှီလိုက်သည်။ မိခင်က သူတို့သားအဖကြားမှာ အတော်ဗျာများရသည်။တစ်ခါတစ်လေ အခြေအတင်တွေဖြစ်ကြပြီဆို မူးမေ့လဲတဲ့အထိဖြစ်သည်။ Gamblingလောကကို စဝင်တုန်းက Venom အသက် 18နှစ်။ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ရဲဇာတ်ရဲ လုပ်ရဲကိုင်ရဲ ဖြစ်သောကြောင့် ဖအေထက်တောင် လက်စောင်းထက်ခဲ့သည်။သူဒီလောကမှာ တော်တော်နာမည်ရလာတဲ့အချိန်မှာပဲ သူ့အမေက တစ်ခြားတစ်ယောက်နဲ့ လက်ထပ်သွားခဲ့ခြင်းဖြစ်သည်။
Venom အဖေနဲ့ အမေက ချစ်လို့ယူထားတာမဟုတ်။ Venom အမေကို အကြွေးနဲ့ သိမ်းထားခြင်းဖြစ်သည်။အမေ့မိသားစုက ပိုက်ဆံတွေ မပေးနိုင်တော့ အဖေက အမေ့ကို သိမ်းခဲ့ခြင်း။ အမေကလည်း တော်တော်လေးကိုလှတော့ အဖေက ယူရင်း အမှန်အကန်ချစ်မိသွားခြင်းဖြစ်သည်။ အမေကတော့ အဖေ့ကိုလုံးဝမချစ်ခဲ့ပါဘူး။ Venomကို ကိုယ်ဝန်လွယ်လိုက်ရလို့သာ အဖေ့လက်က ပြေးဖို့ ဝန်လေးသွားခဲ့ခြင်းဖြစ်သည်။Venom 19နှစ်မှာ သူ့အမေအိမ်က ရုတ်တရက် ပျောက်သွားခြင်းဖြစ်သည်။
သားအဖနှစ်ယောက်လုံးရဲ့လူတွေကြောင့် နာရီပိုင်းအတွင်းရှာတွေ့ခဲ့ပေမယ့် အမေက သူ့အချစ်ဦးဆီပြေးသွားခဲ့တာကို သိလိုက်ရတော့ အဲ့လူကိုပါ သတ်ပစ်မယ်ဆိုပြီး သွားကြခြင်းဖြစ်သည်။ သို့ပေမယ့် Venom အဖေကအမေ့ကိုလှမ်းတွေ့လိုက်တော့ Venomကို အဲ့လူကို အနှောက့်အယှက်မပေးဖို့ အမေ့ကို ပြန်မခေါ်ဖို့ ပြောရင်း ဖခင်ဖြစ်သူရဲ့ နူးညံ့မှုကို ပထမဆုံးမြင်တွေ့ခဲ့ရသည်။
သိပ်မကြာခင် Venom အဖေဆုံးသည်။Venom အဖေဆုံးတော့ Venomက ပိုပြီးကြမ်းတမ်းရက်စက်လာခဲ့သည်။နူးညံ့မှုဆိုတာတောင်ရှိသေးရဲ့လားလို့ထင်ရတဲ့အထိကို ကြမ်းတမ်းလာခြင်းဖြစ်သည်။ ဒါပေမယ့် Jakeက Venomရဲ့ စိတ်အတွင်းတစ်နေရာမှာ နူးညံ့မှုရှိနေသေးတာကို သိသည်။ Venomရဲ့ အမေကိုချစ်တဲ့စိတ်ကြောင့်ပါ။
Venomက မိခင်နဲ့ 19နှစ်တည်းက အနေဝေးခဲ့ရပေမယ့် အရမ်းချစ်ရှာသည်။ မိခင်က နောက်အိမ်ထောင်ပြုလိုက်တဲ့အထိ မိခင်အကြောင်းကို အမြဲစုံစမ်းနေခဲ့သည်။အချစ်ကို ဦးစားပေးပြီး Venomရဲ့ အဖေကို ထားခဲ့သည့် မိခင်သည် သေတော့လည်း နွမ်းပါးစွာသေဆုံးခဲ့ရသည်။ဆုံးခါနီး ဆေးရုံတင်တုန်းက Venomသွားကြည့်တော့ မိခင်က အခြေအနေတော်တော်ဆိုးနေပြီ။ ယူထားတဲ့ယောက်ျားကလည်း စောစောစီးစီးသေတော့ အဖေနဲ့ နေတုန်းက နုပျိုလှပမှုတွေ သူ့အမေဆီမှာ မရှိတော့ ။ မအေဖြစ်သူကို စိတ်လည်းနာ၊ မုန်းလည်း မမုန်းနိုင်တဲ့ Venom ပထမဆုံး Jakeရှေ့မှာ မျက်ရည်ကျခဲ့သည်။
ခုတော့ Venom သံယောဇဉ် အရှိဆုံး အမျိူးသမီးပါ လောကကြီးထဲက ထွက်သွားလေပြီ။
(အစလေးတွေ ပျိုးထားပါမယ်။ အကုန်လုံး အရှိန်လေးပျက်မသွားအောင်ပါ။တစ်ခြားဟာလေးတွေဖတ်လို့ကုန်ရင် ဖတ်စရာမရှိတော့မှာစိုးလို့ 😙)
YOU ARE READING
Beauty and the MONSTER
RomanceCasino ရုံတွေ အများကြီးပိုင်တဲ့ Venomဆိုတဲ့ အသက် (၃၅)နှစ်အရွယ် အမျိုးသားတစ်ယောက်။နာမည်ကြားတာနဲ့ gamblingလောကတစ်ခုလုံးဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ လူမျိုး။ အသက်(၂၂)နှစ်အရွယ် piano မေဂျာက ကျောင်းသူလေး Roselleနဲ့ မမျှော်လင့်ဘဲဆုံတွေ့ကြရာမှ.......