"ရှင် စဉ်းစားကြည့်။ ပိုက်ဆံမရှိတဲ့သူကိုများ နိုင်ငံခြားကို ပညာတော်သင်သွားဖို့ အတင်းဖိအားပေးနေတာတဲ့ ဟားဟား"
Rose အသံက အနည်းငယ်လေး ကျယ်လောင်စွာထွက်နေသည်။
သူမရယ်နေပေမယ့် မျက်ဝန်းမှာ မျက်ရည်စတွေနဲ့
သူမရှေ့တည့်တည့်မှာ ထိုင်နေတာ Venom...
ထိုင်ခုံနောက်ဘက်ကိုမှီရင်း သက်တောင့်သက်တာထိုင်ကာ Roseရဲ့ ခပ်ထွေထွေပြောနေတဲ့ ဟန်အမူအရာလေးကို သေချာရှုစားနေသည်။
အရက်သောက်ချင်တယ်ဆိုသဖြင့် Venom
"Olive"ဆိုတဲ့ ဆိုင်ကြီးတစ်ဆိုင်သို့ခေါ်လာခြင်းဖြစ်သည်။
ရောက်တာနဲ့ သူမက ဝိုင်တစ်ပုလင်းမှာပြီး တစ်ပုလင်းလုံး မော့နေခြင်းဖြစ်သည်။ စိတ်ပျက်လက်ပျက်နဲ့သောက်နေတဲ့ပုံဖြစ်နေသဖြင့် Venom ထိုင်သာကြည့်နေသည်။
ဝတ်ထားတဲ့ ပန်းဆီရောင် ဂါဝန်လေးနဲ့ သူမမျက်နှာလေးနဲ့ ဘယ်အရာက ပန်းရောင်ပိုတောက်နေသလဲ တောင်မစဉ်းစားတတ်တော့ပါ။
သူမ ဝိုင်ကို ပုလင်းလိုက်မော့နေရာမှ ဆိုင်တစ်ဆိုင်လုံးကို မျက်လုံးနဲ့ဝေ့ကြည့်လိုက်ပြီး
"ဆိုင်ထဲမှာ ဘယ်သူမှလည်းမရှိဘူးနော်"
Venomကို လှမ်းကြည့်ရင်းမေးတော့
Venomက အနည်းငယ်ပြုံးပြီး"ကိုယ်ရောက်လာတာနဲ့ ဒီဆိုင်က ကိုယ့်ပိုင်နက်ပဲ"
လို့ဆိုတော့ Rose မျက်နှာကို ပွတ်ပြီး
"ရှင်က အရမ်းချမ်းသာမှာပဲနော်။ ဟီးဟီး Roseလည်း အရင်က အရမ်းချမ်းသာခဲ့တာ ။ဟားဟား...အိမ်က pianoဆို ဒီလောက်ကြီး...ဒီလောက်ကြီး"
လက်နှစ်ဖက်ကို ဆန့်တန်းကာ ပြောနေရင်း Rose မျက်ရည်တွေကျလာပြီး
"Parisကိုသွားချင်တယ်....ဟင့်...."
လက်ပေါ်မျက်နှာအပ်ပြီး ငိုရှိုက်နေတော့
Venom ရုတ်တရက် ဘာလုပ်ရမှန်းမသိ။
စတွေ့တုန်းကတော့ ပန်းပွင့်လေးတစ်ပွင့်လို နူးညံ့နေပေမယ့် ခုကျတော့လည်း ထင်ရာစိုင်းနေတဲ့ သစ်ရိုင်းလေးလို။
YOU ARE READING
Beauty and the MONSTER
RomanceCasino ရုံတွေ အများကြီးပိုင်တဲ့ Venomဆိုတဲ့ အသက် (၃၅)နှစ်အရွယ် အမျိုးသားတစ်ယောက်။နာမည်ကြားတာနဲ့ gamblingလောကတစ်ခုလုံးဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ လူမျိုး။ အသက်(၂၂)နှစ်အရွယ် piano မေဂျာက ကျောင်းသူလေး Roselleနဲ့ မမျှော်လင့်ဘဲဆုံတွေ့ကြရာမှ.......