Love under the sky

4.1K 91 21
                                    

Piano ခလုတ်လေးတွေ အပေါ်မှာ ပြေးလွှားနေတဲ့ Roseရဲ့ လက်ချောင်းလေးတွေက ဒီနေ့မှ ပိုသွက်နေသလို။....စည်းချက်နဲ့အလိုက် ခန္ဓာကိုယ်လေးကို မသိမသာယိမ်းနေပေမယ့် မျက်လုံးအကြည့်တွေက တစ်ချက်တစ်ချက်Venomဆီကို ရောက်ရောက်သွားတယ်။

အဲ့လိုရောက်သွားတိုင်းလည်း သူမကို ပေါက်ထွက်မတတ်ကြည့်နေတဲ့ Venomရဲ့ ရဲတင်းစူးရှတဲ့ မျက်လုံးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာပေါ့။

တေးသွားပြီးကာနီးလေ သူမနှလုံးခုန်သံတွေ မြန်လာလေ.....

လှုပ်ရှားနေတဲ့ လက်တွေကို ရပ်ပစ်လိုက်တဲ့အချိန်မှာ ခန်းမတစ်ခုလုံး လူမရှိတော့သလို တိတ်ဆိတ်ငြိမ်ကျသွားတယ်။

1....
.........
2.............
3...............

Venomဆီက လက်ခုပ်သံတစ်ချက် စထွက်လာပြီးနောက်မှာ ခန်းမတစ်ခုလုံးပွင့်ထွက်သွားလောက်တဲ့ လက်ခုပ်သံတွေ ထွက်လာခဲ့တော့တယ်။

......................

Roseလည်း ချွေးစို့နေတဲ့ မျက်နှာလေးကို သုတ်ပြီး ခန်းမအနောက်ဘက်က ထွက်လာတော့အပေါက်ဝမှာ အသင့်စောင့်နေတဲ့ Venom။

သူမ နှစ်နှစ်ကာကာပြုံးပြမိလိုက်ပြီးမှ စိတ်နဲ့လူ ပြန်ကပ်ပြီး မက်ထားတဲ့ အိပ်မက်ကို ပြန်အမှတ်ရကာ မျက်နှာလေး ပန်းရောင်သန်းလာခဲ့တယ်။

Venomက ဘေးက Jake လက်ထဲမှာ ကိုင်ထားတဲ့ နှင်းဆီပန်းဖြူဖြူဖွေးဖွေးလေးတွေ အများကြီးပါတဲ့ ပန်းစည်းလေးကို Roseကိုပေးလိုက်ရင်း

"ကိုယ် အိပ်မက်ကမ္ဘာထဲ ခဏရောက်သွားသလိုပဲ။....."

Roseပန်းစည်းလေးကို ကိုင်ရင်း Venomကို ငေးကြည့်နေမိသည်။

ဒီနေ့လည်း သူအမည်းရောင်နဲ့ပဲ ။
သူမမော့ကြည့်ရလောက်တဲ့အထိ သူမကို အုပ်မိုးနေတဲ့ ဒီလူကိုမြင်တိုင်း ဘာလို့ ရင်တွေ အဆက်မပြတ်ခုန်နေရတာပါလိမ့်။

သတိလက်လွတ် တစ်ယောက်နဲ့တစ်ယောက်ကြည့်နေမိရာမှ

"ခေါင်းဆောင်..."

Jakeရဲ့ခေါ်သံကြားမှ နှစ်ယောက်လုံး မျက်နှာလေးတွေအမ်းပြီး ရယ်လိုက်မိသည်။

You've reached the end of published parts.

⏰ Last updated: Aug 09, 2022 ⏰

Add this story to your Library to get notified about new parts!

Beauty and the MONSTERWhere stories live. Discover now