"............."
သူမနိုးလာတော့ ကားတစ်စီးပေါ်မှာ။
အနံ့မွှေးမွှေးလေးတစ်မျိုးကို သူမရနေသည်။
အေးစိမ့်တဲ့ Air con ကြောင့် ပိုးဂါဝန်လေးသာဝတ်ထားတဲ့ သူမ အနည်းငယ်ချမ်းလာသည်။
ကားရှေ့ခန်းကို လှမ်းကြည့်လိုက်တော့ လူတစ်ယောက် ။တစ်ကိုယ်လုံး အမည်းရောင် ဝတ်ဆင်ထားပြီး ကားမောင်းနေတဲ့ လက်တစ်ဖက်မှာ ပတ်တီးစီးထားတာကို မြင်လိုက်သဖြင့် သူမအနည်းငယ်တော့ ကျောချမ်းသွားသည်။
"ဟို......ဒီ....ဒီမှာရှင့်....."
သူမအသံက တိုးလွန်းသော်လည်း ကားရှေ့ကလူက နောက်မှန်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
မျက်နှာတစ်ခုလုံးတောင် သေချာမမြင်ရသေးဘဲ မျက်လုံး အကြည့်တစ်ချက်နဲ့ တင် သူမကြက်သီးတွေထသွားသည်။ လူဆိုးများလား။
"မင်း နိုးလာပြီပဲ" နက်ရှိုင်းပြတ်သားတဲ့ အသံမျိုး။
"ဟင်....Rose မူးလဲသွားတာလား?"
သူမအသည်းအသန်စဉ်းစားသည်။ ငါဘာဖြစ်ခဲ့တာလဲ ။
သူမလမ်းလျှောက်လာသည်။ လမ်းချိုးကိုကွေ့သည်။ကားမီးရောင်ကို မြင်ပြီး သူမမြင်သမျှ အရာအားလုံး မှောင်မိုက်သွားခဲ့သည်။
ဒါဆို ဒီလူက အဲ့ကားပိုင်ရှင်ပေါ့။
"အခု ...ဘယ်...ဘယ်ကို ...သွားနေတာလဲ"
"အိမ်ကို .."
Roselleဘေး ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သစ်တောတွေသာတွေ့ရသည်။ သူမ နေတာက မြို့ထဲမှာပါ။ အဲ့ဒါဆို ဒီလူက ...သူ့အိမ်သွားနေတာပေါ့။
"ဟို...Rose..အိမ်က..."
"မင်းအိမ်ကို လိုက်ပို့ဖို့ အချိန်ရှိတယ်လို့ ထင်လို့လား"
"ဟပ်ချိုး"
Roseအေးလာပြီ ။ ပိုးဂါဝန်ပါးပါးလေးက အအေးဒဏ်ကို ဘယ်လိုမှလုံခြုံမှုမပေးနိုင်ပါ။
ခြုံစရာလည်း ဘာမှ မရှိ။ သူမ ကိုယ်လုံးလေးကို လက်လေးနှစ်ဖက်နှင့်ယှက်ကာ ပွတ်နေသည်။ Air con အကြောင်းလည်း အထွန့်မတက်ရဲပါ။
YOU ARE READING
Beauty and the MONSTER
RomansaCasino ရုံတွေ အများကြီးပိုင်တဲ့ Venomဆိုတဲ့ အသက် (၃၅)နှစ်အရွယ် အမျိုးသားတစ်ယောက်။နာမည်ကြားတာနဲ့ gamblingလောကတစ်ခုလုံးဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ လူမျိုး။ အသက်(၂၂)နှစ်အရွယ် piano မေဂျာက ကျောင်းသူလေး Roselleနဲ့ မမျှော်လင့်ဘဲဆုံတွေ့ကြရာမှ.......