Beginning

3.1K 94 6
                                    

စန္ဒယားသံသဲ့သဲ့ကြားရာ အရပ်ကို ဦးတည်လျှောက်လာရင်း တီးလုံးသံအကျယ်ဆုံးကြားရတဲ့ အခန်းဝသို့ သူရောက်ရှိလာခဲ့သည်။

သူဆိုသည်မှာ တစ်ခြားသူတော့ မဟုတ် ။ Rio.....

တံခါးဖွင့်လိုက်ရင် ဆက်မတီးတော့မှာစိုးလို့ တံခါးဝရှေ့မှာပဲ အညှို့ခံထားရသလို တေးသံကို ဆုံးအောင် နားထောင်နေမိသည်။

စီးမြောသွားလိုက်တာ ဘယ်လောက်ကြာသွားလည်းတောင်မသိတော့။

"ဒီမှာရှင့်...."

ခေါ်သံကြားမှ သတိပြန်ဝင်လာတော့သည်။

"ဒီအခန်းကို သုံးဦးမှာလား မသိဘူး။ အစ်မ သော့ခတ်တော့မှာမို့လို့"

ပြောတဲ့အသံပိုင်ရှင်လေးကို ခုမှသေချာကြည့်မိသည်။

ဖြူဖြူနုနုလေး ။ ဆံပင်စင်းစင်းအိအိလေးနဲ့ .
........လှလိုက်တဲ့ လက်ချောင်းလေးတွေ.....

"အဲ့ဒါလေ သုံးဦးမယ်ဆို သော့လေးခတ်ပြီးတော့ အောက်က ရုံးခန်းထဲက lockerထဲထည့်ပေးပါနော်"

"......"

"နော် လို့"

"ဗျာ...ဪ ဟုတ်ဟုတ်"

ကြောင်အမ်းပြီးကြည့်နေမိလိုက်တာ ။စိတ်နဲ့လူနဲ့လည်း မကပ်တော့။

သူမကသော့ကို သူ့လက်ထဲထည့်ပေးတော့လည်း

"ဒါဘာလုပ်ဖို့"

"ဟော့တော်"

"ဘာဖြစ်လို့လဲ မမရဲ့"

"ထားလိုက်တော့ မင်း ဘယ်မေဂျာကလဲ"

"ပြဇာတ်"

"အဲ့ဒါ ဒီဘက်ကို ဘယ်လိုရောက်လာတာလဲ"

"ကျွန်တော်က ဒီနေ့ အဆောင်ကို အပြီးပြောင်းလာတာ။အဲ့ဒါ အပြင်မှာ လိုက်ကြည့်နေတုန်း pianoသံက သိပ်နားထောင်ကောင်းတာနဲ့"

"အဲ့ဒါနဲ့ဒီအခန်းကိုရောက်လာတယ်ပေါ့"

သူမက ပြုံးရွှင်စွာကြည့်ပြီးပြန်မေးတော့

"ဟ..ဟုတ်"

ထိုသို့ဖြင့် သူတို့ တွေ့ဆုံမှုလေးက ပြီးသွားခဲ့သည်။ နောက်တစ်လလောက်နေမှ သူမနာမည်က Roselleဖြစ်ပြီး တစ်ကျောင်းလုံးမှာ နာမည်အကြီးဆုံး ကျောင်းသူဖြစ်ကြောင်း သူသိရှိလိုက်ရသည်။

Beauty and the MONSTERWhere stories live. Discover now