First gentle touch from stranger

3K 85 3
                                    

"နောက်နေ့ရော တွေ့လို့ရမလား"

ကားပေါ်ကဆင်းဆင်းချင်း
Venomရဲ့ တောင်းဆိုမှုကြောင့် Roseတွေဝေစွာစဉ်းစားနေသည်။ဘာလိုလိုနဲ့ Venomအိမ်ကို ရောက်ရောက်သွားတာ နှစ်ခါရှိပြီ။ပထမတစ်ခါကတော့ သူမအတွက် ကြောက်စရာကောင်းခဲ့ပေမယ့် ဒုတိယတစ်ခါကျတော့Venomက သူမကို လက်ဖျားနဲ့တောင်မထိခဲ့။ဒီလူဟာ သူမစိတ်ချရတဲ့ လူဟုတ်ပါရဲ့လား။

"Rose"

"ဟ...ဟုတ်"

"ကိုယ်မေးနေတယ်"

"ဟို.......နောက်အပတ် Saturdayမနက် 9:00မှာ Roseရဲ့ Concertရှိပါတယ်"

သူမ မျက်လွှာချရင်းဆိုသည်။

"အဲ့ဒါလေ...Roseရဲ့VIPဧည့်သည်အနေနဲ့ ...."

"ကိုယ်လာခဲ့ပါမယ်"

Venomအသံမှာ ဝမ်းသာမှုပါနေမှန်းသူမ ခံစားချက်အရသိသည်။

သူမမျက်လုံးက Venomညာဘက်လက်သို့ရောက်သွားသည်။ ပတ်တီးရှိမနေတော့ ။

"ဟို...လက်က ဒဏ်ရာက...မရှိတော့ဘူးနော်"

‌"ဒါလား"

Venomက လက်ကို ဖြန့်ပြရင်း

"အမာရွတ်တော့ကျန်ခဲ့တာပေါ့။ရပါတယ်။ ကိုယ်က ရိုးနေပြီ"

"အို..."

လက်မှာ ကန့်လတ်ဖြတ်အရာကို မြင်လိုက်တော့ သူမအံ့ဩသွားသည်။ နာမှာပဲ။ဒါ ဓားနဲ့လှီးမိထားတာ သေချာတယ်။သူက ဘာအလုပ်လုပ်တာလဲ။ဘယ်လိုအလုပ်မျိုးလုပ်လို့ ဓားဒဏ်ရာကအဲ့လောက်ကြီးရတာလဲ။

"Rose"

နာမည်ခေါ်ရင်း ခေါင်းလေးကို ငြင်ငြင်သာသာ ပွတ်လာမှုကြောင့်Venomကိုမော့ကြည့်မိသည်။ ဒီနေ့လည်း တစ်ကိုယ်လုံး အနက်ရောင်နဲ့ပါပဲ။ တည်ကြည်နေပြီး သူမကိုလေးနက်စွာစိုက်ကြည့်နေမှုကြောင့် သူမ ရှက်သလိုလိုဖြစ်လာသည်။သူမ ဘဝမှာ အနက်ရောင်ဝတ်တဲ့ ယောက်ျားလေးတွေ အများကြီး တွေ့ဖူးပါတယ်။ ဒါပေမယ့် ဒီလူက အနက်ရောင်နဲ့လိုက်လွန်းသည်။

ငါ့ထက်တော့ အသက်ကြီးမှာပဲ။ဘယ်လောက်တောင် အသက်ကြီးမလဲမသိဘူး။

"ဝင်တော့။ နောက်ကျတော့မယ်"

သူမVenomကို စိုက်ကြည့်နေရာမှ မျက်တောင်တဖျတ်ဖျတ်ခတ်မိပြီး သတိပြန်ဝင်လာသည်။ ထို့နောက် ကျောင်းထဲ ငိုက်စိုက်ငိုက်စိုက်နဲ့ ဝင်သွားတော့သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"Jake"

"ခေါင်းဆောင်"

"မင်းပြောတဲ့ အစီအစဉ် ဒီနေ့ပဲ စလိုက်တော့ ။ စောစောက ငါဒီနားမှာ မသင်္ကာစရာ ကားတစ်စီးတွေ့လိုက်တယ်"

"‌အကုန်ပြင်ဆင်ပြီးပါပြီခေါင်းဆောင်"

"ဒီနေ့လမ်းကြောင်းက"

"Bမြို့က ရုံကို သွားဖို့ စီစဉ်ထားပါတယ်"

"ကောင်းပြီ"

Venomကို Jakeက ကားနောက်တံခါးဖွင့်ပေးပြီး သူ့တပည့်တွေကို အချက်ပြလိုက်တော့ အသီးသီး လူစုကွဲသွားကြသည်။

ကျောင်းမှာ လူသိပ်မများခင် ပြန်လာပို့မိတာ မှန်သွားသည်။ မဟုတ်ရင် လူအာရုံစိုက်တာ ခံရဦးမည်။

Venomတွေးရင်း Rose ငိုက်စိုက်ငိုက်စိုက် လမ်းလျှောက်ပုံလေးကို တွေးမိပြီး ပြုံးမိပြန်သည်။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"မမ"

Roseအဆောင်ထဲ ဝင်ခါနီး ခေါ်သံကြောင့်လှည့်ကြည့်မိတော့Rio

Rioသူမဆီပြေးလာပြီး သူမကို စိုးရိမ်သလိုကြည့်ကာ

"မမ ပြန်လာလို့တော်သေးတယ်။ ကျွန်တော် မနေ့က ဒီတစ်ဝိုက်မှာ လိုက်ရှာနေတာ ။ အဲ့လူပုံကို မကြိုက်လို့"

"အမ်....ဘာလို့..." Roseက မျက်လုံးလေးဝိုင်းပြီးမေးတော့

"မမ အန္တရာယ်တစ်ခုခုဖြစ်မှာ အရမ်းစိုးရိမ်နေမိလို့"

Rio..Roseပခုံးနှစ်ဖက်ကို ဖွဖွ ကိုင်လိုက်ရင်း

"ကျွန်တော် မမကို အဝေးကပဲ ငေးလာရတဲ့ ဘဝကနေ ရပ်ပစ်လိုက်ချင်ပြီ"

Rose မျက်လုံးလေးတွေ ဝိုင်းသွားရပြန်ပြီ။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

"ခေါင်းဆောင်"

Jakeတို့ဦးတည်ရာနေရာကိုရောက်တော့ သူတို့ casino ရုံရှေ့မှာ ကားငါးစီး။
Venomက ခေါင်းတစ်ချက်ငြိမ့်ပြတော့
Jakeဆင်းသွားသည်။

"မင်းတို့ခေါင်းဆောင်အတွက်လက်ဆောင် ....."

တစ်ဖက်လူက စာအိတ်တစ်အိတ်ပစ်ပေးတော့ Jake ဖမ်းယူပြီး ဖွင့်ကြည့်လိုက်ရာ.....

ဓာတ်ပုံလေး ငါးပုံ။

ပုံထဲမှာတော့

ပန်းဆီရောင် အင်္ကျီလေးဝတ်ထားတဲ့ Roseနဲ့ Roseကို ပြုံးပြီး ကြည့်နေတဲ့ Venom.....။

Beauty and the MONSTERWhere stories live. Discover now