Roseတစ်ကိုယ်လုံး ကိုက်ခဲပြီးနိုးလာသည်။
အထူးသဖြင့် လည်ပင်းက ။
လည်ပင်းက အရမ်းနာနေပြီး လည်ချောင်းထဲကပါနာနေသည်။အာခေါင်တွေ တအားခြောက်နေပြီး လူက လှုပ်တောင်မလှုပ်နိုင်။
သူမ မျက်လုံးမဖွင့်နိုင်သေး။
"ရေ....ရေ....."
သူမတိုးတိုးငြင်းငြင်းလေးဆိုသည်။
သူမ နှုတ်ခမ်းဝလေးသို့ ပိုက်လေးတစ်ချောင်းရောက်လာတာကို ခံစားမိသည်။
သူမအငမ်းမရ စုပ်သောက်လိုက်သည်။
"မင်းမျက်လုံးဖွင့်နိုင်လား"
Roseသောက်လက်စရေကိုတောင် ဆက်မသောက်နိုင်တော့။
ဒီ....ဒီအသံက။
မနေ့ကအဖြစ်ပျက်တွေအကုန် ခေါင်းထဲကို ပြန်ရောက်လာသည်။
ကားရှေ့မူးလဲ။ကားပေါ်မှာအေးစက်။ကားနက်တွေအများကြီး။ သူမကို ကားထဲကဆွဲထုတ်။သူကဂါဝန်ကိုဖြဲပစ်။လည်ပင်းအညှစ်ခံရ။
အကုန်လုံးခေါင်းထဲတန်းစီပေါ်လာပြီးနောက် သူမမျက်လုံးကို အမြန်ဖွင့်ပစ်လိုက်သည်။
သူမရှေ့မှာ...မနေ့က ...သူမကို လည်ပင်းညှစ်ခဲ့တဲ့လူ။
သူမက မနေ့က သူမကို ထိုလူပစ်ချလိုက်တဲ့ အိပ်ယာပေါ်မှာ။
Body fitအဖြူနဲ့ ဘောင်းဘီရှည်ရှည်ပွပွ ဝတ်ထားပြီး နှုတ်ခမ်းမွှေးပါးသိုင်းမွှေးတွေနဲ့ ထိုလူက လက်က ပတ်တီးကိုလည်း မဖြုတ်ရသေး။
သူမအိပ်ယာပေါ်မှာထိုင်လိုက်ပြီး ထိုလူနဲ့နည်းနည်းဝေးအောင် ကိုယ်ကိုကျုံ့ထားလိုက်သည်။သူမကလည်း မနေ့ကအင်္ကျီအပြဲကိုပင်ဝတ်ထားဆဲ။
"ကြောက်သွားမှာပဲ။မင်းကို တစ်ခြား ကိုယ့်ကို လာချဉ်းကပ်တဲ့ မိန်းကလေးတွေလိုလို့ပဲ ထင်ခဲ့မိတာ"
ထိုလူက သူမကို ငေးကြည့်ရင်းဆိုတယ်။
"မင်း အသက်ငယ်ဦးမှာပဲ။ "
Roseကခေါင်းငြိမ့်ပြသည်။
ထိုလူက Rose အနားတော်တော်နီးနီးထိ ကပ်လာပြီး Roseလည်ပင်းက ညိုသွားတဲ့ နေရာကို လက်နဲ့ တစ်ချက်ထိလိုက်တော့ သူမနည်းနည်းတွန့်သွားသည်။
YOU ARE READING
Beauty and the MONSTER
RomanceCasino ရုံတွေ အများကြီးပိုင်တဲ့ Venomဆိုတဲ့ အသက် (၃၅)နှစ်အရွယ် အမျိုးသားတစ်ယောက်။နာမည်ကြားတာနဲ့ gamblingလောကတစ်ခုလုံးဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ လူမျိုး။ အသက်(၂၂)နှစ်အရွယ် piano မေဂျာက ကျောင်းသူလေး Roselleနဲ့ မမျှော်လင့်ဘဲဆုံတွေ့ကြရာမှ.......