Heartbeat ❤️

3.7K 100 12
                                    

"ဟဲ့ ဟဲ့ ကျောင်းရှေ့မှာဟယ် လူကြီးတစ်ယောက် မိုက်လိုက်တာဟယ်...အရပ်ကလည်းအရှည်ကြီးပဲ။တည်နေတာပဲဟယ် မိုက်လိုက်တာ ငါလေ ဆက်ပြီးတောင်ရပ်ကြည့်နေချင်တာ။ အတန်းချိန်တွေကလည်း ဒါမျိုးဆို အားကိုမအားဘူး။ "

ကျောင်းသူလေး သုံးယောက် Roselleရှေ့ကနေ တွတ်ထိုးပြီး ပြောသွားတာကို ကြားလိုက်ရတော့ Roselleတောင် စပ်စုချင်စိတ်ပေါက်သွားသည်။

Piano notesတစ်ထပ်ကြီးနဲ့ Roselleလည်း အာရုံသိပ်မထားဖြစ်တော့ဘဲ သူမ ဆရာမဆီသို့သာ ဦးတည်လိုက်သည်။

"Tr...Roseပါ"

သူမ တံခါးကို ငြင်ငြင်သာသာခေါက်လိုက်ပြီး ပြောလိုက်သည်။

"ဝင်ခဲ့ပါ"

အခန်းထဲသို့ရောက်တော့

"Rose...Trပြောတာ စဉ်းစားပြီးပြီလား"

"သမီးစဉ်းစားနေတုန်းပါ"

"နောက်သုံးလေးလဆို ပြင်ဆင်ရတော့မှာ Rose...မြန်မြန်စဉ်းစားပါ"

"ဟူး........."

အခန်းထဲကထွက်လာပြီး သက်ပြင်းကို အားရပါးရချပစ်လိုက်သည်။ နာရီလှမ်းကြည့်လိုက်တော့ ညနေ 5နာရီဆိုတော့ အဆောင်က 9:30ပိတ်မှာဆိုတော့

"အရက်လေးဘာလေးသောက်ရင် ‌ကောင်းမလား"သူမစဉ်းစားရင်း ခိခနဲရယ်မိသည်။

တစ်ခါမှမလုပ်ဖူးတာ‌တွေ လျှောက်စဉ်းစားနေတဲ့ သူမကိုယ်သူမအံ့ဩမိသည်။

အဆောင်မှာ အင်္ကျီတစ်ချက်လဲရင်း အဝတ်ဗီဒိုကိုကြည့်မိတော့ ဟိုနေ့က Turtle neck ဂါဝန်လေး။

Roseလည်ပင်းကို တစ်ချက်စမ်းမိသည်။ လေးရက်လောက်ကို သူမ လည်ပင်းလုံသည့် အင်္ကျီတွေချည်းပဲ ဝတ်လိုက်ရတာ ထိုလူကြီး လက်ချက်ကြောင့်။

အပေါ်အင်္ကျီလေးကောက်ဝတ်ရင်း အပြင်သို့ထွက်လိုက်သည်။

ကျောင်းပေါက်ဝသို့ ရောက်ခါနီးလမ်းတစ်ဝက်လောက်မှာ

"မမRoselle"

ခေါ်သံကြောင့် သူမဆံပင်လေးတွေ လွင့်သွားအောင်ခါပြီး ကြည့်မိသည်။

ကျောင်းသား‌လေးတစ်ယောက်။ဆံပင်ရှင်းရှင်းလေးနဲ့ ထိုကျောင်းသားလေးက Theatre majorက နာမည်အကြီးဆုံးကျောင်း
သားလေး။

Beauty and the MONSTERWhere stories live. Discover now