❤️

2.7K 89 12
                                    

"Venom....."

Roseအခန်းထဲပြန်ရောက်လာတော့ တစ်ယောက်တည်းတိုးတိုးလေးရေရွတ်မိသည်။

သူမခေါင်းလေးကို ပွတ်ပေးခဲ့တာကို သတိရပြီး ယောင်ယမ်းကာ ဆံပင်လေးတွေကို ပွတ်မိသည်။

နူးညံ့သွားသော အကြည့်များ။ အမြဲတမ်း အသက်ဝင်နေတဲ့ မျက်လုံးတွေ။သူမကို အုပ်မိုးနေတဲ့ လူကောင်။လက်ဖဝါးကြီးကြီး ။

"Rose......"

"ဟမ်....Venom..ရှင် ဒီကို ဘယ်လို....."

သူမရှေ့မှာ ရပ်နေတဲ့ Venomကိုကြည့်ပြီး အံ့ဩသွားမိသည်။သေချာကြည့်လိုက်တော့မှ သူမအဆောင်အခန်းလည်းမဟုတ်။
VENOMအိမ်ကအခန်းထဲမှာ။သေသေချာချာပြောရရင် သူမအိပ်ခဲ့တဲ့ အခန်းထဲမှာ။

ငါကရော ဒီကို ဘယ်လိုရောက်လာတာလဲ။
မနက်ကမှ ငါအဲ့ကပြန်လာတာ ကုတင်ပေါ်ဘယ်လိုပြန်ရောက်နေရတာလဲ။

ကြိုးတစ်ချောင်းပိုးပျော့ ဂါဝန်ရှည်လေးနဲ့ သူမက ကုတင်ပေါ်မှာ ထိုင်လျက်သားလေး။

"Roseမင်းနိုးလာပြီလား"

Venom သူမရှိရာ ကုတင်ပေါ်သို့ ဖြည်းဖြည်းချင်းလျှောက်လာပြီး ကုတင်ပေါ်မှာ ထိုင်လိုက်သည်။

ထို့နောက် ညာဘက်လက်ကို သူမမျက်နှာလေးဆီ ကမ်းလိုက်တော့ သူမ မျက်နှာကို မရှောင်ပေးမိ။

မနူးညံ့သောလက်က အထိအတွေ့။ ဪ....သူဒဏ်ရာဖြစ်ထားတာပဲ။.....

Venomက စကားတစ်ခွန်းမှ မပြော။ သူမမျက်နှာလေးကိုသာ အသာအယာပွတ်သပ်လျက် သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း သူမနားသို့ နီးကပ်အောင်ကုန်းလိုက်တော့ သူမနဲ့Venom မျက်နှာက တော်တော်နီးကပ်လာပြီး တစ်ဖြည်းဖြည်းချင်း Venomဆီက ပင့်သက်များက သူမမျက်နှာသို့ရိုက်ခတ်သည်အထိ နီးကပ်လာတော့ Roseသူမ မျက်လုံးတွေကို မှိတ်ပစ်လိုက်ကာ.........
............
.
.
.
.
"ဟင့်အင်း......"

သူမရေရွတ်ရင်း မျက်လုံးများပွင့်လာသည်။

သူမအဆောင်ကအခန်းထဲမှာ အိပ်ရက်သားလေး။

ဪ ငါအိပ်မက်မက်နေတာပဲ။ အိပ်မက်က ဘာလို့အဲ့လိုကြီး ။

သူမပါးပြင်တွေ ပူနွေးလာသည်။

Beauty and the MONSTERWhere stories live. Discover now