#Unicode
Jimin အိမ်ပြန်ရောက်တော့...ဧည့်ခန်းထဲကို ဝင်ဝင်ခြင်း...ဖေဖေ နဲ့ မေမေကို တွေ့လိုက်ရသည်...
"သား...အငယ်လေးရော...."
"ဟင်....kookie အခုထိ ပြန်မရောက်သေးဘူးလား..."
"အင်းလေ...သားနဲ့တူတူ ထွက်သွားတာ မဟုတ်ဘူးလား..."
"ဟုတ်တာက ဟုတ်ပါတယ်...ဒါပေမဲ့..."
Jimin အခက်တွေ့နေလေပြီ မေမေတို့ အမေးကို သူ ဘယ်လို ပြန်ပြောပြရမလဲ မသိပါ၊ အမှန် တိုင်း အားလုံးကို ပြောချလိုက်ရင်လဲ အခြေအနေက မည်သို့မှ ကောင်းနိုင်မည် မဟုတ်.... သူ့အချစ်ရေးပြသာနာသည် မိသားစုအတွက် ဆူးခငြောင့် မဖြစ်စေလိုတာ အမှန်ပင်.....ဒီကလေးရော အိမ်ပြန်မယ် ထင်ခဲ့ပေမယ့် အိမ်မပြန်ဘဲ ဘယ်ေတွသွားနေတာပါလိမ့် သူတို့နဲ့ ပြသာနာတက်ပြီးကတည်းက ထွက်သွားတာဆိုတော့ အနည်းဆုံး ၃နာရီလောက်တော့ ကြာပြီဖြစ်သည်...
"ဒါပေမဲ့ ဘာဖြစ်လဲ...သား..."
"ဟို...အာ့တာက..."
Ring...Ring...Ring...📞
ဖေ့ဖေ့ဆီ ဖုန်းဝင်လာတာကြောင့် Jiminစကားပြောတာ ရပ်လိုက်သည်....
Jeon Ho Minလဲ အိမ်ဖုန်းက ဖုန်းသံမြည်လာတာတာကြောင့် အမြန်ကောက်ကိုင်လိုက်ပြီး...
"ဟယ်လို..."
"...."
"ဗျာ!...မဖြစ်နိုင်တာ....ဟုတ်ပြီ...ဟုတ်ပြီ ကျွန်တော်တို့ အခုလာခဲ့လိုက်မယ်..."
ဖုန်းပြောရင်းနဲ့ မျက်နှာအမူအရာ မကောင်းတဲ့ဘက် အရမ်းပြောင်းနေတဲ့ ဖေ့ဖေ့ အမူအရာ ကြောင့်...ဖုန်းချ ပြီးပြီးချင်း သိလိုစိတ်နဲ့ Jiminရော မေမေပါ အမြန်မေးလိုက်သည်...
"ဖေဖေ ဘာ ဘာဖြစ်တာလဲ..."
"အငယ်ေလး ဆီကလား..ဘာဖြစ်လို့လဲဟင်..."
"သားငယ်ဆီက တော့ မဟုတ်ဘူး၊ ရဲစခန်းက သားငယ် ရန်ဖြစ်လို့ ရဲစခန်းရောက်နေတယ်တဲ့..."
"ရှင်!!....."
.
.
.
.
ဖေဖေတို့နဲ့အတူ Jimin ပါ ရဲစခန်း လိုက်လာခဲ့သည်...ဒီကလေး ဘာတွေများ လျှောက်လုပ်နေပါလိမ့်...ငယ်ငယ်က တည်းက အခုချိန်ထိ မိဘတွေ ကိုယ်တိုင်ေရာ သူကိုယ်တိုင်ကပါ ပိုးမွေးသလို မွေးထားရတဲ့ ကလေး....jungkook ကိုယ်တိုင်ကလဲ ချွဲတတ်တာ စိတ်ကောက်တတ်တာကလွဲရင် ဘာမှ ကြီးကြီးမားမား ပြသာနာ ရှာဖူးသည် မဟုတ်သလို အခုလိုမျိုး လမ်းပေါ် ရန်ဖြစ်ခဲ့တယ်ဆိုသည့် ပြသာနာလိုမျိုးလည်း ဝေးသာဝေး...အခုက ဘာလို့များ...ကျစ်! jimin ရာ ဒါလဲ မင်း အမှားတွေပဲ နေမှာပါ....ကလေးကို တစ်ယောက်တည်း ပြန်လွှတ်ခဲ့ကတည်းက လုံးဝ သူ့အမှားပင်.....
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi