#Unicode
(ဇာတ်လမ်းမစခင် သာသာ တစ်ခုကြိုပြောချင်တာက ဒီအပိုင်းမှာ UKက နိုင်ငံသားတွေနဲ့ Jungkookနဲ့ စကားပြောနေတဲ့ နေရာတွေမှာ Englishလို ပြောနေတယ်လို့ပဲ မှတ်ပေးပါရှင့်)
မြို့လယ်ခေါင်က နာမည်အကြီးဆုံး Clubတစ်ခုအတွင်း.....
ရောင်စုံမီးသီးတွေကလိုတာထက် ပိုတောက်ပနေပြီး ဆူညံတွေတဲ့ တီးလုံးသံ တွေကြား....
ဝိုင်အပြင်းစားတစ်ခွက်ကို ကိုင်ထားပြီး လွတ်လပ်မြူးထူးစွာ ကနေကြတဲ့ မိန်းမလှလေးတွေရဲ့ ကောက်ကြောင်းကို ရီဝေစွာ ကြည့်နေတဲ့ ခပ်မိုက်မိုက် ကောင်လေးတစ်ယောက်....အရင်လို ရွှေရောင်ဖျော့ဖျော့လေးနဲ့ နဖူးပေါ်ဝဲကျနေတဲ့ ခပ်အုပ်အုပ်ဆံပင်လေးတွေ မဟုတ်တော့ပဲ ....နက်မှောင် တောက်ပပြီး ဂျယ်အစွမ်းနဲ့ နဖူးပေါ် သပ်တင်ထားတဲ့ ဆံပင်တွေက နေရာယူထားပေသည်...တစ်ကိုယ်လုံး ကို အနက်ရောင် ဝတ်စုံထားတဲ့ ထိုခပ်မိုက်မိုက်ကောင်လေးဟာ နားတွေပါမကျန် နားကပ်ကွင်းတွေကို နေရာလပ်မကျန် ကြည့်ကောင်းသည်ထက် ပိုအောင် ဝတ်ထားပေသေးသည်....
"ဟေး... Jung , You လာတယ်..."
ဟုတ်ပါတယ် အရင်လို ခပ်ညံ့ညံ့ခပ်ပျော့ပျော့ ကောင်လေးမဟုတ်တော့ဘဲ တစ်ယောက်သော သူကြောင့် Jeon Jungkook ဆိုတဲ့ကျွန်တော် အတော်လေး ပြောင်းလဲ လာခဲ့ပြီ...
"အာ မင်းကို လွမ်းနေတယ်လို့လေ Milkey..."
အနားကို ရောက်လာတဲ့ bodyခပ်မိုက်မိုက် မျက်လုံးပြာလေးတွေနဲ့ ကောင်မလေးကို လှမ်းဖက်ပြီး jungkookပြောလိုက်သည်..."ဟား လွမ်းတာကလဲ ကွာ...နာမည်တောင် မှားခေါ်နေပါ့လား..တို့နာမည် Stellaပါ ....
ဟင်း ဒီညလဲ ညလုံးပေါက် Clubမှာပဲလား...""no...no ဒီည ကိုယ် ကားပြိုင်ပွဲ ရှိသေးတယ်..."
"ပြီးရော...stellaလဲ လိုက်ခဲ့လို့ ရမလား Jung..."
"Sorry , Stella မိန်းကလေးတွေကို ကိုယ် clubမှာ လောက်ပဲ တွဲတတ်လို့..."
Jungkookပြောပြီးသည်နဲ့ လက်ကျန် ခွက်ကိုဆက် မသောက်တော့ဘဲ စားပွဲပေါ်ချကာ ထွက်လာခဲ့သည်...
"ဟာ...jung ...."
နောက်က နိုင်ငံခြားသူလေးကတော့ တစ်ယောက်တည်း အင်တင်တင်နဲ့ ကျန်ခဲ့လေသည်...
Jungkookဆိုတာနဲ့ International play boy ဆိုပြီး မိန်းကလေးတွေရော ယောင်္ကျားလေးကြားပါ နာမည်ကြီးနေရခြင်းက ဒီလို ခပ်ချေချေ ပုံစံတွေကြောင့် တစ်စိတ်တစ်ဒေသ ပါဝင်နေလိမ့်မည်.....
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi