#Unicode
'ချစ်တယ်တဲ့လား...ကိုကို ကလေ ဟင့်အင်း မယုံနဲ့ jungkook တစ်ခါပဲ အရူးလုပ်ခံစမ်းပါ....အရင်တစ်ခါကလဲ အဲ့ဒီလိုလှည့်စားပြီး ဟန်ဆောင် လက်ထပ်ခဲ့တာပဲမလား....'
"အတိတ်က ဖြစ်ရပ်တွေအတွက် ကိုယ်တောင်းပန်ပါတယ် ကလေးလေးရယ်..ကိုယ်တို့ အသစ်ကနေစပြီး ပျော်ပျော်ရွှင်ရွှင် ပြန်နေကြရအောင်..."
ကိုကိုရဲ့ အသံက ငြင်းပယ်စရာမရှိလောက်အောင် နူးညံ့လွန်းပါတယ်၊ ဒါပေမဲ့ Jungkook ဒီတစ်ခါတော့ စိတ်မာနိုင်မှ ဖြစ်ပေတော့မည်။
"ဒီမှာ Taehyung....ကြေမွ ပြီးသား စာရွက်တစ်ရွက်က ဘယ်လို ဖြန့်ဖြန့် နဂိုအတိုင်း ပြန်မဖြစ်ဘူးဆိုတာ ခင်ဗျားသိလား...."
့
"မသိဘူး! မသိချင်ဘူး...ကိုယ်သိတာ ကိုယ်မင်းကို အဆုံးရှုံး မခံနိုင်လောက်အောင် အရမ်းချစ်တယ် ဆိုတာပဲ...."အဲ့ဒါဆို ဘာလို့ ကျွန်တော့်ရဲ့ ခံစားချက်ကို အလေးမထားဘဲ အဝေးပို့ခဲ့ရတာလဲ ဟမ်....လို့သာ မေးလိုက်ချင်တော့သည်။
"မယုံဘူး Taehyung....ကျွန်တော် မယုံဘူး ခင်ဗျားကို မယုံရဲတော့ဘူး...နောက်ထပ်သာ ကျွန်တော် အရူးလုပ်ခံရရင် ကျွန်တော် တကယ် ရူးသွားလိမ့်မယ်...."
"မဟုတ်ဘူး ကိုယ်မင်းကို တကယ်ချစ်တာပါ...."
"ဟင့်အင်း!......မပြောနဲ့!.....မကြားချင်ဘူး....ကျေးဇူးပြုပြီး ကျွန်တော့်ကို ထပ်မနာကျင်စေရင် မပြောပါနဲ့ တောင်းပန်ပါတယ်...."
နားကို ပိတ်ပြီး ငိုယိုကာ အော်ပြောလိုက်တဲ့ jungkookကြောင့် Taehyung ရင်ထဲ ဆစ်ခနဲ...
ကိုယ့်ကို အာ့လောက်တောင် မုန်းနေ ပြီလား ကလေးရာ....."အင်းအင်း....ကိုယ်မပြောတော့ဘူး စိတ်ကိုလျှော့ စိတ်ကိုလျှော့လိုက်နော် ကလေးလေး...."
အခုမှ သတိရကာစ ကလေးကို အရမ်းမငိုစေချင်တာကြောင့် Taehyungတားလိုက်ရသည်....
ဒီနေ့တော့ ဒီအကြောင်းကို ထပ်မ ေြပာဖို့ရာသာ သူ့မှာ တက်နိုင်တော့သည်။.........
"ဗိုက်ဆာ နေပြီလား ....ကလေး
ကိုယ် သွားဝယ်ပေးမယ်လေ...."
15မိနစ် ကြာသည့်တိုင်ေအာင် ရှိုက်ရှိုက်ပြီး ငိုနေတဲ့ ကလေးငယ်ကြောင့် သူစကားလမ်းကြောင်းလွှဲကာ စပြောရတော့သည်....
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi