#Unicode
Jungkook ဒီညလဲ အိပ်ပျော်မယ်မထင် ညနေက ကိုကိုရဲ့ အနမ်းကြမ်းတွေရယ် နှုတ်ခမ်းအိအိလေးတွေကြား သူတကယ် နစ်မြောမိသွားတာ ပြန်တွေးမိတော့ က ရင်ထဲ လှပ်ခနဲ ၊ ဆက်၍ တွေးမိရင်း က ကိုကိုရဲ့စကားတွေ ကို ပြန်ကြားယောင်မိလာပြန်တော့လဲ နစ်နစ်နဲနဲ ဝမ်းနည်းရပြန်သည်....
'ကိုကိုက အဲ့လိုပါဆို .....ရီရင်းနဲ့လဲ ဝမ်းနည်းစေသူ ငိုရင်းနဲ့လေ ပြုံးစေသူ ... ကျွန်တော့်ရဲ့ စိတ်ခံစားချက် အကုန်လုံးကို လွှမ်းမိုးနိုင်တဲ့ သူပါလေ...'Jungkookအိပ်မရတာနဲ့ ခြံထဲကို လမ်းလျှောက်ဆင်းလိုက်တော့သည်...
ထိုစဉ် မြင်လိုက်ရတဲ့ မြင်ကွင်းအစုံကြောင့် မျက်ဝန်းအစုံပင် ဝိုင်းစက်သွားရသည်...အခုလို အရမ်းအေးတဲ့ ရာသီမှာ ကိုကိုက ဒီအချိန်ထိ ဒန်းပေါ် ရှိနေတာလား...
Jungkookလဲ ဒန်းနား အမြန်သွားလိုက်ပြီး...
"Hyung..... Hyung"
Jungkookလည်း ပုခုံးကို အသာကိုင်ရင်း ခေါ်လိုက်တော့ အအိပ်ဆက်လွန်းတဲ့ ကိုကိုက ချက်ချင်းနိုးလာပြီး သူ့ကို ရီဝေဝေနဲ့ မော့ကြည့်လာသည်...
"hyungအပြင်မှာ အရမ်းအေးတာကို ဘာလို့ အိပ်နေတာလဲ အအေးပတ်မယ်....."
Jungkookစကားတွေကို ဆက်မကြားချင်ဟန်တူပါသည်။ ကိုကိုက ပုခုံးပေါ်တင်မိထားတဲ့ ကျွန်တော့်လက်ကို အမြန်ပုတ်ထုတ်လိုက်ပြီး ဘာတစ်ခုမှမပြောေတာ့ဘဲ အိမ်အပေါ်ထက်ကို ပြန်တက်သွားသည် ......ထို့အတူ သူလဲ ဘာမှ ထပ်ပြောမနေတော့ ကိုကို မှေးစက်သွားတဲ့ ဒန်းလေးပေါ် အသာထိုင်ရင်းသာ လမင်းကြီးကို မော့ကြည့်နေမိသည်...
"လမင်းကြီးက တောက်ပနေရောပဲ ဒါပေမဲ့ ကိုကို့ အကြည့်စူးစူးတွေကိုတော့ မမှီပြန်ဘူး...."
.
.
.
Taehyung, 10နာရီလောက်မှာ အလုပ်ပြီးတော့ အိပ်မရတာနဲ့ ခြံပြင်ထွက်ကာ လေကောင်းလေသန့်ရှုရင်း ကောင်းကင်ကြီးကို မော့ကြည့်မိပြန်တော့.... တစ်ချိန်က သည်းငယ်နဲ့ Happy New Yearညမှာ ကြယ်တွေဆုံတဲ့ ကောင်းကင်ကြီးကို ကြည့်ပြီး မီးရှူးမီးပန်းတွေ ဖောက်တာနဲ့ တစ်ပြိုင်နက် သူတို့ဆုတောင်းတွေ အတူပြုခဲ့ဖူးတာကို သတိရမိသည်...
'တစ်နေ့ကျ သည်းငယ်နဲ့ ထာဝရ ပျော်ရွှင်စွာ ပေါင်းသင်းနိုင်ပါစေလို့ 'Taehyung ဆုတောင်းခဲ့ပေမဲ့ အဲ့ဒီဆုတောင်းတွေဟာ ဆုတောင်းသက်သက်သာ ဖြစ်ခဲ့ပြီး မမှန်မဖြစ်ခဲ့ပေ..ဟင်း .... ဒါဆို သည်းငယ် ဘာဆုတောင်းခဲ့လဲလို့ ထင်ကြလဲ သူကလေ ကျွန်တော့်ထက် jungkookကို ချစ်ခဲ့တာဗျ...သူဆုတောင်းခဲ့တာက
'ကျွန်တော့် ညီလေး jeon jungkook ခံစားနေရတဲ့ ဝေဒနာတွေ အကုန်ပျောက်ပြီး ဘဝကို ကျန်းကျန်းမာမာနဲ့ အသက်အိုမင်းသည်အထိ ဖြတ်သန်းသွားနိုင်ပါစေတဲ့'လေ
သည်းငယ်က အဲ့ဒီလောက်တောင် jungkookကို ချစ်ခဲ့တာ ....ဒါပေမဲ့ jungkookမိဘတွေကတော့ သည်းငယ် အပေါ်ရက်စက်ခဲ့တာ မဟုတ်လား ခွဲစိတ်ပြီးလို့ နိုးထလာတဲ့အချိန်တုန်းက ကူရာမဲ့နေခဲ့တဲ့ ကျွန်တော့်သည်းငယ်လေး ဘယ်လောက်တောင် စိတ်နှလုံး နာကျင်ခဲ့လိုက်ရမလဲ.....
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi