#Unicode
ထို အကြောတင်းတဲ့Min Yoongi ဆိုတဲ့လူက Jungkookသအပြင်ထွက်တိုင်း အမြဲ သူ့နောက်က လိုက်နေသည်မှာ ဟိုညပြီးကတည်းကပင် ....အခုလည်း အနီးအနားက mini marketလေးကို လမ်းလျှောက်သွားနေတုန်း နောက်ကလိုက်လာတာမို့ Jungkookရဲ့ လက်တဆစ်သာသာ သာ ရှိတော့တဲ့ သည်းခံမှု့က လုံးဝကုန်ဆုံးသွားေလ တော့သည်...
ထို့ကြောင့် သွားနေရင်းကနေ ခြေလှမ်းကို တုန့်ခနဲ ရပ်လိုက်ပြီး နောက်လှည့်လိုက်ကာ....
"ဒီမှာဟိုလူ.....အဲ့လောက် အချိန်တွေပေါနေတာလား..."
"ဒါပေါ့ မင်းလေးအတွက်ဆို အကုန်ပေါပြီးသား..."
"ခင်ဗျား ပေါပေမဲ့ ကျွန်တော် အဆင်မပြေဘူး နောက် ထပ်လိုက်မလာနဲ့ ဒါပဲ...."
"ဟာ နေအုံးလေ...ဟိတ်! ယုန်ပေါက်!..."
Yoongi ဒီကောင်လေးကို အမြဲ တွေ့ချင်တာကြောင့် နက် 8နာရီလောက်ဆို သူ့ကွန်ဒိုရှေ့အောက်အမြဲ ရောက်နေတတ်ပြီး ညဆို 12လောက်မှ ပြန်တတ်သည်၊ ထိုကောင်လေး အပြင်ထွက်ရင်လည်း သူ့မှာ အမြဲ နောက်မှ တစ်ကောက်ကောက် ကားဆိုကား၊ ခြေလျင်ဆို ခြေလျင် လိုက်နေသည်မှာ ဒီနေ့နေ့ဆို တစ်ပတ်ပြည့်လေပြီ Jungkookနေတဲ့ နေရာကို ဘယ်လို သိတာလဲ မေးစရာမလိုအောင်ပင်...MinYoogiအတွက် မသိနိုင်တဲ့အရာ မဖြစ်နိုင်တဲ့အရာဆိုတာ မရှိသလို....ကွျန်တော်က ချစ်မိပြီဆိုတာတဲ့ အဆုံးအစွန်ထိ လိုက်တတ်တဲ့လူမျိုးလေ....
ဒီလောက် လိုက်နေတာတောင် အသည်းမာလွန်းတဲ့ ယုန်ပေါက်လေးကတော့ ရှောင်ပြေးနေသေးသည်...
ဒီတစ်ခါတော့ ရင်းနှီးဖို့ အရေး အလျှော့မပေးနိုင်တော့...အရှေ့က ခပ်သွက်သွက် သွားနေတဲ့ ယုန်ပေါက်လေးရဲ့ နောက်ကို ပြေးလိုက်လိုက်ပြီး ပုခုံးပေါ် လက်တင်လိုက်ကာ...."ဟာ ခင်ဗျား တကယ် ပြောမရ ဆိုမရပါလား..."
မျက်မှောင်ကျုံပြီး နှုတ်ခမ်းဆူကာ ပြောနေတဲ့ ယုန်ပေါက်လေးက စိတ်ဆိုးနေတာတောင် အလွန် ချစ်ဖို့ကောင်းလွန်းသည်..."ပြောပြီးပြီလေ အဲ့ဒါဆို ကိုယ့်ကို မင်းရဲ့သူငယ်ချင်း လုပ်ခိုင်းပါလို့ ဒါဆိုကိုယ် မနှောင့်ယှက်တော့ဘူး...."
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi