#Unicode
Jungkook ကိုကိုရှိရာ Companyကို Taxi နဲ့လာခဲ့သည်... company ရောက်ရောက်ချင်း ကိုကိုဆီ တန်းသွားလိုက်တော့ ကိုကိုက သူ့ကို ခေါ် ကာ ရုံးက ဝန်ထမ်းတွေကို ဝန်ထမ်းသစ်ရောက်ကြောင်း မိတ်ဆက်ပေးလေသည်.....ထို့နောက် မိတ်ဆက်ပြီး လူစုခွဲသွားသည်နှင့် Jungkookလည်း ကိုကို့ အနား အသာ ကပ်လိုက်ကာ...
"kookie ဘာအရင်လုပ်ရမလဲ Hyung .. "
အလုပ်ထဲမှာမို့ အသံတိုးသဲ့သဲ့လေး မေးလာတဲ့ ကောင်လေးသည် အရမ်းတက်ကြွနေကြောင်း Taehyungကို ဖော်ပြနေသည်။
ခိုင်းရမှာပေါ့...များများခိုင်းမှာ ဒါမှ ဒီကောင်လေး ကြောက်ပြီး အလုပ်လုပ်ချင်စိတ် ပျောက်မှာ...သူ နှိပ်စက်ချင်တာ မှန်သော်လည်း Companyမှာ အလုပ်လုပ်ခိုင်းရအောင်အထိေတာ့ သူ မခိုင်းချင်ပါ...ဒါကြောင့်လည်း မြန်မြန်အလုပ်ထွက်အောင် အခုတော့ သေချာလေး ခိုင်းရပေအုံးမည်... ဒီတိုင်း....စကားနဲ့ နှိပ်စက်တာတောင် သူ့မှာ ရင်ထဲ တစ်မျိုးကြီး ဖြစ်နေတာ...ကိုယ်ထိလက်ရောက် ခိုင်းဖို့ဆိုတာ ပိုတောင်ဝေးပါသေးတယ်..ငယ်ငယ်ကတည်းက သိကျွမ်းလာတဲ့ သံယောဇဉ်အခံလေးတွေသည် မပြတ်တောက်နိုင်သေးဘူး ထင်ပါသည်.....ပြီးတော့ လူက ဖြူဖျော့ဖျော့လေးရယ်အရင်တစ်ခါ လို တစ်ခုခု ဖြစ်သွားမှဖြင့် ....တွေး ကြည့်ရုံနဲ့ ရင်ထဲ ပူလောင်လာတာကြောင့် အတွေးစတွေကို ခပ်မြန်မြန် ဖြတ်ပစ်လိုက်ရပြီး....."အဟမ်း...အရင်ဆုံး မြေညီထပ်ကနေ ဒီငါ့ရုံးခန်းအထိက အထပ်20 ရှိတယ်မလား သန့်ရှင်းရေးသမားတွေက တစ်ထပ်ကို တစ်ယောက် တာဝန်ယူ ရှင်းပေးရတာ...အဲ့ဒါ မင်းက အခု ဒီအထပ်ကို တာဝန်ကျတယ် ဒီအထပ်က အခန်းတွေ Meeting roomsတွေကို တံမြက်စည်းလှည်း ဖုန်သုတ် အမှိုက်တွေ ရှင်းပေးရမယ်...."
"ဟုတ် kookie လုပ်လိုက်ပါ့မယ်..."
"ဘာ...Kookieလဲ ! စကားပြော ဆင်ခြင် ဒီေနရာကအိမ်မဟုတ်ဘူး..."
"အင်းပါ ...koo....အာ ကျွန်တော် ဆင်ခြင်ပါ့မယ်..."
Jungkook မျက်နှာကို တမင်ငယ်ပြလိုက်ပြီး ခေါင်းကို ငုံ့ချလိုက်တော့ ရှေ့က Taehyung က သူ့ကို ခပ်စိုက်စိုက် ကြည့်ပြီး ထွက်သွားတာကို မျက်လုံးထောင့်က မြင်လိုက်ရသေးသည်...
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi