#Unicode
Jungkookဆေးရုံက ဆင်းတော့ ကိုကိုက အလုပ်နားခိုင်းထားတာမို့ အိမ်မှာသာ အိပ်လိုက်စားလိုက်လုပ်နေတာနဲ့ ယခုဆို တစ်ပတ်တိတိ ကုန်လွန်သွားလေပြီ.....
အိမ်တော်ထိန်းကလဲ နယ်ကနေ ပြန်ရောက်လာပြီမို့ ဟင်းချက်တာအစ သန့်ရှင်းရေးအဆုံး သူ ဘာမှ လုပ်စရာ မရှိ...ညနေရောက်တော့ ခြံထဲ စာအုပ်ဆင်းဖတ်ရင်းက သိပ်မကြာ ကိုကိုနဲ့ Chanhwaက ရုံးကနေ ပြန်လာလေသည်...
Chanhwaကတော့ ထုံးစံအတိုင်း အမြဲ ပြုံးချိုကာ ကိုကို့အနား အရမ်းကပ်ပေမဲ့ တော်သေးသည်က ကိုကိုက ထင်သလောက် သိပ်မရော....ထမင်းစားသောက်ပြီးချိန်ရောက်တော့
ဆေးရုံဆင်းကတည်းက အခုထိ စကားကောင်းကောင်း မပြောဖြစ်ဘဲ အမြဲ ရှောင်နေတဲ့ ကိုကိုက Jungkookကို ပြောစရာ ရှိလို့ ဆိုပြီး သူ့အခန်းထဲ လာဖိူ့ ပြောသည်....အခန်းထဲ ရောက်ဝော့ာ
ဆိုဖာပေါ် ခြေချိတ်ထိုင်နေတဲ့ ကိုကိုရဲ့အနား jungkookသွားလိုက်ပြီး"ကျွန်တော့်ကို ပြောစရာ ရှိတာဆို..."
Jungkookပဲ စိတ်ထင်နေတာလား ကိုကိုက တော်တော်လေး မျက်နှာမကောင်းဖြစ်နေတာ....."အင်း.... မင်း UKကို ဘွဲ့လွန်သွားတက်ဖို့ ပြောမလို့...."
"ဘယ်လို!!..."
"ဘာလဲ နားပါ မကောင်းတော့တာလား..."
ရင်ထဲမပါတဲ့ စကားတွေ ပြောနေမိတဲ့ အတွက်တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် ကလေးငယ်.... ဒါက မင်းအတွက်ရော ငါ့အတွက်ရော အဆင်ပြေအောင်လို့ပါ....."ဟက်....ဘာလဲ အဲ့ဒီလောက်တောင် ကျွန်တော့်ကို မမြင်ချင်တော့လို့ အဝေးပို့စေချင်နေတာလား Taehyung"
'မဟုတ်တာ ငါ့ကိုငါတောင် မင်းကို ချစ်မိနေတယ်ဆိုတာ တဖြည်းဖြည်း သိလာပြီး နောက်ပိုင်း အမြဲ မြင်ချင် တွေ့ချင်လွန်းလို့ အလုပ်ခွင်ရောက်နေတာတောင် အိမ်မှာ CCTVအပြည့်တပ်ထားပြီး မင်းကို စောင့်ကြည့်နေမိတာပါ....'
"...ပြောလေ Taehyung အဲ့ဒီလောက်တောင် မုန်းနေတာလားလို့...."
"......"
"ဟား....ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းတဲ့...
ဟုတ်ပြီ ခင်ဗျား သဘောအတိုင်း ဖြစ်စေရမယ်...
ခင်ဗျားအတွက် ပျော်ရွှင်မှု့က ကျွန်တော် ပျောက်ကွယ်သွားဖို့ ဆိုရင် အခုလို ခဏလေး မဟုတ်ဘူး တစ်သက်လုံး ပျောက်ကွယ်သွားေပးမယ်...."
ကျွန်တော်ဆိုတာက ခင်ဗျားနဲ့ ပတ်သက်လာရင် အရေးမပါတဲ့ ဖြစ်တည်မှု့တစ်ခုပဲမလား..
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi