OT(16)

1.5K 100 4
                                    

#Unicode

Chanhwa ခေါ်လာတဲ့ ဒေါက်တာက ကလေးငယ်ကို စစ်ဆေးကာ ဆေးပါ   တစ်ခါတည်း သွင်းပေးလိုက်ပြီးနောက်....

"လူနာရှင်က ခင်ဗျားလား..."
Taehyungဘက်ကိုလှည့်ပြီး မေးလာတာ‌ကြောင့်....

"ဟုတ်ပါတယ် ကျွန်တော်ပါ..."

"လူနာက နှလုံးခွဲစိတ်ထားတာ ထင်တယ်၊ လူနာနဲ့ ပတ်သတ်တဲ့ ဆေးမှတ်တမ်းတွေရော ခင်ဗျားဆီမှာရှိလား..."

"သူ ခွဲစိတ်တုန်းကဆေးမှတ်တမ်း‌တွေကတော့ ကျွန်တော့်ဆီမှာ မရှိဘူး...ဒါနဲ့ အခုက သူ အခု ဘာဖြစ်တာလဲ...အရမ်း စိုးရိမ်ရလား"

"ဖျားတာရော လန့်တာရောပေါင်းပြီး သွေးလန့်သလို ဖြစ်သွားတာပါ...ပြီးတော့ သွေးလန့်ပြီး သတိမေ့တာ ကြာသွားတာကြောင့် နှလုံးရဲ့စွမ်းဆောင်ရည် ကျဆင်းပြီး ကလဲ ခန္ဓာကိုယ်က အလွန်အမင်း အေးစက်လာတာ...ဒီထက် ပိုကြာသွားရင်တော့ စိုးရိမ်ရတဲ့ အခြေအနေပဲ....
ပြီးတော့ သူ့ကို ဆေးရုံမှာ ဆေးသေချာသွားစစ်စေချင်တယ်...ခွဲစိတ်ထားတဲ့နှလုံးကနေ သိပ်မူမမှန်တဲ့ အနေအထားတွေ တွေ့နေရတယ်...."

"အဲ့ဒါက စိုး..စိုးရိမ်ရလား ဒေါက်တာ..."

"အင်း.....အဲ့ဒါတော့ ကျွန်တော် မပြောတတ်သေးဘူး သေချာ သွားစစ်ဆေးကြည့်လိုက်ပါ....."

"ဟုတ်ကဲ့ပါ....ဒေါက်တာ...."

"လူနာ မကြာခင် သတိရပါလိမ့်မယ်...အဖျားလဲရှိသေး‌တော့ သေချာလေးတော့ ဂရုစိုက်လိုက်‌ေပးပါ..."

Taehyung ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဒေါက်တာလည်း  ပြန်သွားလေတော့သည်...

Chanhwaပါ ဒေါက်တာကို ပြန်လိုက်ပို့ဖို့ထွက်သွားပြီးတဲ့နောက်တွင်တော့

Taehyung လဲ ကုတင်ပေါ်က အခုထိ နိုးမလာသေးတဲ့ ကလေးငယ်နားလေး သွားလိုက်ကာ အေးစက်စက် လက်ဖဝါးလေးကို ဖွဖွလေး ဆုတ်ကိုင်လိုက်သည်....

ကျန်းမာရေးချူချာတဲ့ ကောင်လေးကို သူဘာလို့ အတင်းအကြပ် လုပ်မိမှန်း သူမသိ၊ တစ်ခုခုဆို ဒေါသအရမ်းကြီးလွန်းတဲ့ သူ့စိတ်ကြောင့် အခုလဲ ကလေးကို ထိခိုက်ရပြန်ပြီ...

ဖြူစွတ်စွတ် မျက်နှာလေးကို ထိုင်ကြည့်နေမိသာ ဘယ်လောက်ကြာပြီ မသိ ၊
ကုတင်ပေါ်ကနေ တဖြည်းဖြည်း လူးလွန့်လာတဲ့   ကိုယ်ငယ်‌ေ‌လးကြောင့် သာလျှင် သတိပြန်ဝင်လာခဲ့သည်...

Only Then 💔(Edited Version)Where stories live. Discover now