#UnicodeJungkook အိမ်ပြန်ရောက်တော့ ကိုကိုက ဧည့်ခန်းမှာ laptopတစ်လုံးနဲ့ အလုပ်လုပ်နေပြီး ဟိုChanhwaဆိုတဲ့ တစ်ယောက်ကတော့ ဘေးမှာ ဖုန်းနှိပ်နေလေသည်....
"Hyung....ကျွန်တော် ပြန်ရောက်ပါပြီ...."
"အွန်း...ဒီကို ခဏလာခဲ့အုံး Jungkook...."
Jungkook လဲ ဆိုဖာ တစ်ခု ပေါ် ဝင်ထိုင်လိုက်ပြီးနောက်...
"Jungkook... သူ့နာမည်က Chanhwa၊ ငါနဲ့ အရင်က နှစ်အိမ့်တစ်အိမ်လို နေတဲ့ အိမ်နီးနားချင်းတွေ...သူက အခု ဒီအိမ်မှာ နေမှာ လပိုင်းလောက်တော့ ကြာမယ် မင်းအကြောင်းတော့ ငါသူ့ကို ပြောထားပြီးပြီ...."
"တွေ့ရတာ ဝမ်းသာပါတယ် Chanhwa shi..."
"ဟုတ်ကဲ့၊ တွေ့ရတာဝမ်းသာပါတယ်...Jungkookလို့ပဲ ခေါ် မယ်နော် မင်းနဲ့ငါက အသက်လဲ သိပ်မကွာဘူးဆိုတော့လေ..."
"အာ ရပါတယ်...အဆင်ပြေသလို ခေါ် ပါ..."
Chanhwa, Jungkookနဲ့ စကားပြောနေတုန်း Taehyung Hyungဘက်ကို အကြည့်ပို့မိတော့ ကိုHyungက Jungkook ကို မျက်ဝန်း နက်နက်တွေနဲ့ လှမ်းကြည့်နေလေသည်...မချစ်ဖူးမလား Hyung.... Hyungပြောသလို အကြောင်းတစ်ခုခုကြောင့်ပဲ လက်ထပ်ထားတာ မလား....
ဘာပဲဖြစ်ဖြစ် Jungkook!....Jungkook! မင်းကို ငါမုန်းလိုက်တာ hyungက မင်းကို လက်ထပ်ထားတာတဲ့လား၊ ဟ တကယ်ဆို ဒီနေရာက ငါပိုင်ဆိုင်သင့်တဲ့ နေရာလေ ငါ့မှာတော့ Hyungကို ကလေးဘဝကတည်းက သံယောဇဉ်တွယ်တာခဲ့ရတာ၊ နောက် အချစ်ကို စသိတဲ့ အချိန်မှာလဲ လာကြိုက်သမျှ ငြင်းလွှတ်ပြီး ဟောင်းနွမ်းနေတဲ့ Hyungနဲ့အတူရိုက်ထားတဲ့ ပုံလေးကိုပဲ ကြည့်ပြီး Hyungကိုပဲ တမ်းတနေခဲ့ရတာ ပထမဆုံးတွေ့ခဲ့တဲ့သူ ငါဖြစ်နေပါလျက်နဲ့ လက်လွှတ်ပေးရမယ်ဆိုတာကတော့ မတရားဘူးမလား Jeon Jung Kook!....
.
.
.
.
.
.
.
.
ညနေရောက်တော့ ကိုကို က ညစာကို အပြင်ထွက်စားမည်ဟု လာပြောသောကြောင့် Jungkook လဲ အနက်ရောင်hoodieထူထူ တစ်ထည်နဲ့ ဂျင်းဘောင်းဘီ အနက်ရောင်ကို ဝတ်လိုက်ပြီး အောက်ထပ်ဆင်းလာခဲ့သည်...ကားပေါ် ရောက်တော့ Chanhwaက Seoulက ရှုခင်းကို ကြည့်ချင်လို့ဆိုပြီး သူ့ထက်အရင် ကားရှေ့ခန်းထဲ ဝင်ထိုင်လိုက်သည် ကိုကိုကလဲ Chanhwa ကို ပြုံးရုံပြုံးပြပြီး၊
ဘာမှ မပြောခဲ့သလို သူကိုယ်တိုင် လဲ ဘာတစ်ခွန်းမှ ပြောခွင့်မရှိခဲ့....
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi