.
.
.
."Chaeyoung ah. ပျင်းစရာကြီး
အတန်းပြေးရအောင်လေ""Lalisa!!! စောစောစီးစီး ခုမှ ပထမဆုံးအချိန်ကို ဘယ်ကိုအတန်းပြေးချင်နေတာလည်း
နင်ရောက်နေတာ မူလတန်းမဟုတ်ဘူး
Colleage ကိုရောက်နေတာနော်"ခုံပေါ်ကို မှောက်အိပ်၍ ပျင်းရိစွာပြောလာတဲ့ lisa ကို နည်းနည်းငေါက်လိုက်ပီးတဲ့နောက်
ဆရာမလည်း အတန်းစရန် ရောက်လာလေပြီ.."အားလုံးဘဲ Morning ပါ
ဒီနေ့ မင်းတို့ကို သူငယ်ချင်းအသစ်တစ်ယောက်နဲ့ မိတ်ဆက်ပေးချင်တယ်"ထို့နောက် ဆရာမက အတန်းအပြင်ဘက်ကို
လှည်းကြည့်၍
ခေါင်းညိတ်အချက်ပြလိုက်တယ်ဆိုရင်ဘဲ
ကျောင်းသူအသစ်တစ်ယောက်ဝင်လာလေတော့သည်Ohh!!
ဒီတစ်ယောက်ကို Chaeyoung ကောင်းကောင်းမှတ်မိတာပေါ့..
ခုနကဘဲ အတန်းထဲ မဝင်ခင် ဝင်တိုက်ခဲ့မိတာ
ဂျင်းဘောင်းဘီ အပြာရောင်ဖျော့ဖျော့လေးနဲ့
T Shirt အဖြူရောင်လေးကို ဝတ်ထားတဲ့
ကျောင်းသူဟာ ရိုးရှင်းပြီး ကြည့်ကောင်းလှသည်.
သူများတွေလို မိတ်ကပ်တစ်ခွဲသားနဲ့
အားစိုက်ထုတ်နေတာမျိုးမဟုတ်ဘဲ
ဒီအတိုင်းလေးဘဲ စွဲဆောင်မှုရှိနေတာ
သူ့ရဲ့ Cat-like eyes လေးရယ်
သေသပ်ပီး အချိုးအစားကျလှတဲ့ မျက်နှာလေးရယ် ပီးတော့...."ဟဲ့ ဟဲ့ နည်းနည်းပါးပါးထိန်းပါအုံး
မျက်လုံးလည်းကျွတ်ကျအုံးမယ်"ဘေးမှ Lisaက တံတောင်နဲ့ထိုးပီးသတိပေးလာတော့မှ အငေးလွန်နေတဲ့ကိုယ့်ကိုယ်ကို သတိထားမိတော့တယ်
"သရေတွေပါကျနေလား မသိဘူး
ခွက်ခံပေးရအုံးမလား ""တော်စမ်းပါဟယ် ဒီအတိုင်း
ကျောင်းသူအသစ်မလို့ကြည့်မိတာပါ"ခိုးကြည့်နေတာ လူမိသွားတော့ ရှက်လွန်းလို့
Chaeyoung တစ်ယောက်မျက်နှာတွေပါနီရဲလာတော့တယ်.."Hello I´m Jennie"
တစ်တန်းလုံးက တိတ်ဆိတ်ပီးနားထောင်နေပေမယ့် ဘာသံမှထပ်ထွက်မလာတော့...
လူတွေနဲ့ အရောမဝင်တတ်တဲ့ Jennie ဟာ
အခုလို အတန်းရှေ့မှာ သူ့နာမည်ကို ပြောပြရတာပင် အတော်လွန်လှပီ..ဘယ်သူနဲ့မှလည်း သိဖို့စိတ်မဝင်စားသလို ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ပါ..
YOU ARE READING
I have nothing, but LOVE for you
Fanfictionလောကကြီးတစ်ခုလုံးနဲ့ ဆန့်ကျင်နေရင်တောင် နင်ကတော့ ငါ့ဘက်မှာရှိနေပေးမယ်မလား.... Nothing but Chaennie <3