.
.
.
.
.
.
Back in the old days..
in 2016 when Jisoo and Jennie are attending high school..
.
.
.
D Dayဒီနေ့ကိုရောက်ဖို့အများကြီးစောင့်စားခဲ့ရတယ်..
စောင့်စားခဲ့တယ်ဆိုတာထပ်
အားမွေးခဲ့တယ်ဆိုပိုမှန်လိမ့်မည်..Jennie အပေါ်မှာ
သူငယ်ချင်းထပ်ပိုတဲ့ သံယောဇဥ်ရှိနေပြီဖြစ်ကြောင်း..
အချစ်တွေကို ဖုံးဖိထားလို့ မရတော့ကြောင်း..
Jisoo ဖွင့်ပြောတော့မည်..
အဲ့ဒါကြောင့်လည်း သူတို့၂ယောက်
အပြင်မှာ မုန့်ထွက်စားမယ်ဆိုပြီး ချိန်းနှင့်ပြီးဖြစ်တာကြောင့် Jennie အလာကို
ကော်ဖီဆိုင်အရှေ့မှာ ရပ်စောင့်နေလိုက်သည်.."Sorry.. ငါနည်းနည်းနောက်ကျသွားတယ်"
အသံလာရာဆီသို့ ဝမ်းသာအားရလှည့်ကြည့်လိုက်ပြီးမှ
Jennie တစ်ယောက်တည်းမဟုတ်မှန်းသိလိုက်ရတယ်"သူက.."
"သူက ငါ့ချစ်သူ.. wendy တဲ့"
Jisoo အမေးကို မစောင့်ဘဲ
ကြားဖျက်ဝင်ဖြေလိုက်သော Jennie က
အဆိုပါ ချစ်သူဆိုသူရဲ့ လက်တစ်ဖက်ကို ဆုတ်ကိုင်လို့
ကျန်လက်တစ်ဖက်က သူ့ဂုတ်ပိုးသူ ပွတ်သက်နေပီး ခေါင်းကြီးငုံ့ထားတာကြောင့်
သူရှက်နေတယ်ဆိုတာကို Jisoo ရိပ်မိပါတယ်..
တစ်ချိန်ထဲမှာဘဲ ရင်ထဲမှာ စူးစူးနင့်နင့်နဲ့
နာကျင်လှသည်...'ငါနင့်ကို ချစ်တဲ့အကြောင်းဖွင့်ပြောချင်ခဲ့တာ'
စိတ်ထဲကသာပြောနေမိတဲ့ စကားတွေကိုတော့
သူဘယ်ကြားနိုင်ပါ့မလည်း.."တွေ့ရတာ ဝမ်းသာပါတယ်
Jisoo ပါ"နာကျင်မှုတွေကို မြိုသိပ်လို့
လက်တစ်ဖက်ကို ကမ်းပေးမိသည်.."တို့က wendy ပါ"
"အထဲဝင်ရအောင်လေ
တစ်ခုခုစားပြီးစကားပြောကျတာပေါ့"ချစ်သူနဲ့ သူငယ်ချင်းကို မိတ်ဆက်ပေးပြီးတော့မှ ရွှင်လန်းပြုံးပျော်နေတဲ့ Jennie က
သွားသေးသေးလေးတွေပေါ်အောင် ရယ်ပြ၍
ဆိုင်တစ်ခါးကို ဆွဲဖွင့်ပေးသည်..Wendy က အရမ်းလှပြီးဆွဲဆောင်မှုရှိတာကြောင့် ကျောင်းမှာတော့ သူ့ကို မသိတဲ့သူ
မရှိသလောက်ရှားသည်..
သူမကို ဝိုင်းဝန်းပိုးပန်းနေတဲ့ ယောက်ကျားတွေဆိုတာလည်း မနည်းပေ..သို့ပေမယ့် ဘယ်သူ့ကိုမှအတည်မတွဲဘဲ ဒီအတိုင်း ကြိုက်သလိုလို မကြိုက်သလိုလို
ကစားပြီး ထားခဲ့တာမျိုး..
Wendy ကို မည်သူတစ်ဦးတစ်ယောက်ကမှ
ချစ်သူ ရည်းစား ခေါင်းစဥ်တပ်ခွင့်မရခဲ့ပါ..
YOU ARE READING
I have nothing, but LOVE for you
Fanfictionလောကကြီးတစ်ခုလုံးနဲ့ ဆန့်ကျင်နေရင်တောင် နင်ကတော့ ငါ့ဘက်မှာရှိနေပေးမယ်မလား.... Nothing but Chaennie <3