.
.
.
.
."မွေးနေ့က ဘာတွေကျွေးမှာလည်းသမီး
အရက်တွေဘာတွေတော့မပါဘူးမလား..
ပါရင်လည်း Chaeyoung ကိုပေးမသောက်နဲ့နော်""အော်..အင်း ဟိုဟာလေ
ကြက်ကြော်..
ကြက်ကြော်နဲ့ mango juice""အေး..အေး ၂ယောက်သား ပျော်လည်းပျော်
ဂရုလည်းစိုက်ကျ ညဘက်ကြီးဆိုတော့
အပြင်တွေလျှောက်မထွက်နဲ့အုံး""ဟုတ် ဟုတ်"
"Chaeyoung!! သမီးရေ..ကြာလိုက်တာ
ဒီမှာ lisa စောင့်နေရတာကို""ရပါတယ်အန်တီရဲ့ သူကအမြဲအဲ့လိုဘဲ
အပြင်ထွက်မယ်ဆို ပြင်လို့မပြီးတော့ဘူး..
အန်တီလုပ်စရာရှိတာသွားလုပ်ပါ..
သမီးဧည့်ခန်းထဲက စောင့်နေလိုက်ပါ့မယ်"Chaeyoung ရဲ့
ပထမဆုံး Adventureလို့ဆိုရမလား..
ကျောင်းရဲ့ party boy ဖြစ်တဲ့ Taehyunက
ထုံးစံအတိုင်း သူ့အိမ်မှာFinal year ရဲ့
Back to school party ကျင်းပမည်ဆိုကာ
တစ်ကျောင်းလုံးကို ဖိတ်ထားလေသည်..
Lisa ကတော့ ဘယ်party မှ
မလွတ်တန်းသွားတတ်ပေမယ့်
Chaeyoung ကတော့ အမြဲဝေးဝေးရှောင်ပါတယ်..မီးရောင်တွေနဲ့ လူတွေရှုပ်တာကိုလည်းမကြိုက်သလို..အရက်တွေ ဘီယာတွေလည်း မသောက်တတ်တော့..
Chaeyoung နဲ့ Party ဟာ
ဘယ်လိုမှမအပ်စပ်သောအရာပါ..
ဒီတစ်ခေါက်တော့ Lisa ရဲ့ ဖြောင်းဖြမှုအောင်မြင်တယ်ဆိုရမယ်..
အသည်းလေးကလည်း ကွဲချင်သလိုလိုဖြစ်နေတာရယ်
Final year လည်းရောက်ပြီဖြစ်တာကြောင့်
အနည်းဆုံးတစ်ခေါက်လောက်တော့
မလုပ်ဖူးတာတွေ လုပ်ကြည့်ချင်နေသည်..
သို့သော်လည်း အိမ်က party ဆို
ဘယ်လိုမှမလွှတ်မှာသိနေတော့"အိမ်ကထွက်လို့ရအောင်လုပ်ပေးရင် လိုက်မယ်"
ဟုဆိုကာ lisa ဆီဘဲ အရောက်ပို့ရပြန်တယ်..
သူ့ခမျာမှာလည်း ခေါ်ချင်ရှာတော့
Chaeyoung မေမေကို လိမ်ရတော့တယ်
"အကို့ရဲ့ မွေးနေ့ပွဲရှိလို့ Chaeyoung ကို
ဒီညခေါ်သွားပါရစေ" ဆိုပြီးတော့ပေါ့...
.
.
.
.
.
."wow"
"ဘာလည်း"
"နင်အခုလို သား၂နား၂ဝတ်တာ
မမြင်ဖူးလို့ပါ..ပြောစမ်း ဘယ်သူ့အတွက်လည်း"Lisa ပြောတာလည်း မှန်ပါတယ်
Chaeyoung ဟာ
ဘယ်တော့မှ ဝံ့ကြွားမနေတတ်သလို
ကျောင်းမှာသူဝတ်တဲ့ အဝတ်အစားလေးတွေဟာလည်း အမြဲရိုးရိုးရှင်းရှင်းလေးဘဲ..
ဒါပေမယ့်လည်း ဒါဟာ တစ်ခြားသူမဟုတ်တဲ့
Chaeyoung ဖြစ်နေလေတော့
ဘာဝတ်ဝတ်အမြဲ လှနေတော့တာဘဲ..
အခုလို နည်းနည်းလေးဆင်လိုက်တာနဲ့
Lisa တစ်ယောက်
ပါးစပ်အဟောင်းသားဖြစ်သွားတာလည်းမဆန်းပါ..
YOU ARE READING
I have nothing, but LOVE for you
Fanfictionလောကကြီးတစ်ခုလုံးနဲ့ ဆန့်ကျင်နေရင်တောင် နင်ကတော့ ငါ့ဘက်မှာရှိနေပေးမယ်မလား.... Nothing but Chaennie <3