Moody girlfriend

709 63 4
                                    

.
.
.
.
.
.
မနက်ခင်းတွေဟာ မတူညီကျဘူး..
..
..
..
တချို့တော့ အိပ်ရေးဝပြီး
လန်းလန်းဆန်းဆန်းနိုးထနိုင်ကျသလို
တချို့ကတော့ အိပ်ချိန်နည်းပြီး
ခေါင်းတွေနောက်ကျိစွာနဲ့ နိုးထရတယ်

Jennie ကတော့
၄နာရီလောက်သာ အိပ်ခဲ့ရပေမယ့်
စိတ်ကြည်လင်လန်းဆန်းစွာ နိုးထလာနိုင်ခဲ့တယ်..

ပြတင်းတံခါးကိုဖွင့်ပြီးအိပ်တတ်တဲ့ အကျင့်ကြောင့် နေရောင်ခြည် ဖျော့ဖျော့လေးက
သူမအခန်းထဲသို့ ဖြာကျနေတော့သည်..

အရင်နေ့တွေနဲ့မတူ ထူးဆန်းစွာ
သူမရဲ့အခန်းလေးက ပိုလို့လင်းလက်နေသယောင်..
ဘေးမှာ လဲလျောင်းနေတဲ့ မိန်းကလေးရဲ့
ရွှေအိုရောင်ဆံနွယ်တွေကြောင့်ဖြစ်မည်..

လက်မောင်းပေါ်ခေါင်းအုံးလို့
နှစ်ချိုက်စွာအိပ်ပျော်နေတဲ့ သူမရဲ့မျက်နှာလေးကို သေချာကြည့်မိတော့
ရင်ထဲမှာလှိုက်ဖိုကြည်နူးရတယ်..
ဘယ်လိုကောင်းမှုတွေများလုပ်ခဲ့လို့
ဒီအမျိုးသမီးလေးနဲ့ နီးစပ်ခွင့်ရခဲ့ရတာပါလိမ့်..

'ဟူးး..မဖြစ်သေးပါဘူး
ဒီအတိုင်းဆက်နေလို့'

ကြာလာရင် အဆိုပါ အမျိုးသမီးလေးကို
အားရပါးရဖက်နမ်းပစ်မိတော့မည်..
သူမရဲ့ခေါင်းလေးကို အသာလေးမပြီးထဖို့ကြိုးစားတော့
လူကို ပို၍တိုးဖက်လာပြီး ရင်ခွင်ထဲအတင်းဝင်တော့တယ်..

'နှလုံးခုန်ရပ်ပြီးသေစေချင်နေတာလား
young ရယ်'

Jennie နှစ်လိုစွာနဲ့ ပြုံးလိုက်ပြီး
သူမကို တင်းကြပ်စွာ ပြန်လည်ပွေ့ဖက်လိုက်ကာ
နဖူးလေးကို နမ်းရှိုက်လိုက်တယ်..
ဒီလိုမနက်ခင်းလေးတွေသာ အမြဲပိုင်ဆိုင်ရမယ်ဆိုရင် Jennie ဟာ အပျော်ရွှင်ဆုံးလူသား
ဖြစ်လာလိမ့်မည်ထင်တယ်..
.
.
.
.
.
.

"Jennie!!..
Jen!!
Jennie! ထပါအုံး"

ပြန်အိပ်ပျော်သွားလိုက်တာ..
ဘယ်လောက်တောင်ကြာသွားလဲမသိ..ခုမှ
Chaeyoung ရဲ့ ခေါ်သံကြောင့်
နိုးလာပြီး ဆက်ကနဲထထိုင်လိုက်မိတယ်

"ဘာဖြစ်လို့လည်း young"

Jennie စိုးရိမ်စွာနဲ့မေးလိုက်တော့..

I have nothing, but LOVE for youDonde viven las historias. Descúbrelo ahora