.
.
.
.
.
.
.
.
.တစ်ကျောင်းလုံးနှံ့အောင် ရှာပေမယ့်
Jennie ကို အစအနတောင်မတွေ့ရ...
ဖြစ်ကြောင်းကုန်စဥ်အား Lisaကို ပြောပြလိုက်တော့..တစ်နေကုန် ပွစိပွစိနဲ့ ပြောလို့မပြီးတော့ပေ.."ငါပြောသားဘဲ သူကြိုက်နေတာနင့်ကို"
ဆိုတဲ့စကားက မကြားချင်မှအဆုံး
သတိရတိုင်းထထပြောပြီး အားမလိုအားမရတွေဖြစ်..အတန်းထဲမှာ စာသင်နေတဲ့အချိန်
နားကို တိုးတိုးလေးလာကပ်ပြောသေးတယ်
"နင်ကလေ လည်မလိုလိုနဲ့ အရမ်း အ တာဘဲ""Lili!! စာကိုအာရုံစိုက်ပါ"
"ဟုတ်"
ဆရာမက ဆူလိုက်တော့မှ မျက်နှာငယ်လေးနဲ့
ပြန်ငြိမ်ကျသွားတယ်.
ခဏနေတော့ စာရွက်လေးတစ်ရွက်ရှေ့ကိုလာထိုးပေးတယ်...
"သူကို ပြန်တောင်းပန်လိုက်
နင်မပြောရဲရင် ငါပြောပေးမယ်"ကိုယ့်မှာ စာကို မနည်းအာရုံစိုက်နေရတဲ့ကြားထဲ
သူက ဘေးက တစ်တွတ်တွတ်နဲ့..
ညကအိပ်ရေးမဝတာရော
လူကအတော်ပင်ပန်းနေပြီ..
ညနေကျောင်းဆင်းသည့်တိုင်ကို
Jennie ကိုရှာမတွေ့ခဲ့ပါ.."ငါ့ကိုများ စိတ်နာသွားတာလားမသိဘူး"
"မနာဘဲနေမလား နင့်ကြောင့်ဘဲနေမှာ
သူကျောင်းမလာတာ"ဘယ်အချိန်တည်းက ချောင်းနေလည်းမသိဘူး
လူကို ပတ်ကနဲ ပြန်ပြောနေတာကိုကြည့်ဦး.."LALISA!!နင်က ငါ့သူငယ်ချင်းလား
သူ့သူငယ်ချင်းလား..
တစ်နေကုန် ငါ့ကိုဘဲ အပစ်ထိုင်ပြောနေတယ်""ပြောချင်စရာကောင်းအောင် နင်ကလုပ်ခဲ့တာကို"
သူပြောတာတွေကလည်း မှန်နေတော့
ကိုယ်ဘဲ စိတ်ရှော့ရသည်"အေးပါဟာ..
ငါမှားသွားတာကို ငါလည်းသိပါတယ်..""ကဲပါ ပြောပြီးတာတွေလည်း ပြောပြီးပီဆိုတော့
ထားပါတော့ ပြန်တွေ့ရင်သာ
အဆင်ပြေအောင်လုပ်ဖို့ကြိုးစား""အင်းပါ..
နင့်အိမ်ကလာမကြိုသေးဘူးလား
ငါက taxi နဲ့ပြန်မှာ အိမ်ကလာမကြိုအားလို့""ဟင့်အင်း လာမကြိုခိုင်းထားတာ..
Sehun က သူ့အိမ်ကလူတွေ ခရီးထွက်လို့
party ရှိတယ်..
ငါကနင့်ကိုပါခေါ်မလို့စဥ်းစားထားတာကို"
YOU ARE READING
I have nothing, but LOVE for you
Fanfictionလောကကြီးတစ်ခုလုံးနဲ့ ဆန့်ကျင်နေရင်တောင် နင်ကတော့ ငါ့ဘက်မှာရှိနေပေးမယ်မလား.... Nothing but Chaennie <3