MIA 2

600 60 1
                                    

.
.
.
.
.
.
.

"ဟဲ့ သမီးလေး ဘယ်လိုဖြစ်လာတာလဲ
လက်မှာလဲပတ်တီးကြီးနဲ့"

အိမ်ထဲဝင် ဝင်လိုက်ချင်းမှာဘဲ စိုးရိမ်သံနဲ့အတူ ပျာပျာသလဲ အနားသို့ရောက်လာတဲ့မေမေ..

"ဟို ကျောင်းမှာ ချော်လဲပြီး လက်ခေါက်သွားတာ..ကြီး၂မား၂ မဟုတ်ပါဘူး မေမေရဲ့"

"ခုရောဘယ်လိုနေသေးလဲ
မေမေ မိသားစုဆရာဝန်ကိုခေါ်လိုက်ရမလား"

"သမီးခုဘဲ ဆေးခန်းကပြန်လာတာ
နားလိုက်ရင်သက်သာသွားမှာပါ"

"အေးအေး အဲ့ဒါဆိုလည်း အခန်းထဲသွားနားတော့..ငါ့သမီးလေးပုံက အရမ်းပင်ပန်းနေပုံဘဲ
လိုတာရှိရင် မေမေ့ကိုခေါ်လိုက်နော်"

"အင်းပါမေမေရဲ့ စိတ်မပူနဲ့ ဘာမှမဖြစ်ဘူး"

Chaeyoung သူမရဲ့ အမေကို ယဲ့ယဲ့လေးသာ ပြုံးပြလို့ အပေါ်ထပ်သို့ တက်ခဲ့လိုက်တယ်

'လူနေမကောင်းတာထပ်
စိတ်နေမကောင်းတာမေမေရေ'

တစ်ယောက်တည်း ညည်းတွားလိုက်ပြီး
ကုတင်ပေါ် ခြေပစ်လက်ပစ်လှဲချလိုက်တယ်..

ချစ်သူရှိပြီးသားဆိုလည်း အစတည်းက
ဘာလို့မျော်လင့်ချက်တွေပေးနေသေးလည်း
ငါက အရမ်းလွယ်နေလို့ ကစားချင်တာလား.
သူ့ရဲ့မျက်ဝန်းထဲမှာ အမြဲတွေ့နေရတဲ့ ကြင်နာမှုတွေကရော..
လူကိုအရမ်းဂရုစိုက်ပြခဲ့တာတွေကရော ဘာတွေလဲ

မေးခွန်းပေါင်းများစွာနဲ့ တစ်ယောက်တည်း စိတ်တွေမွန်းကျပ်လာရတော့သည်..
ခုချက်ချင်း Jennie ကိုဖုန်းဆက်မေးလိုက်ချင်ပေမယ့်
ကိုယ်ကဘဲ တစ်ဖက်သတ်ဖြစ်နေတာမလား..
ဟိုကဖြင့် သူ့ကို သူငယ်ချင်းလိုဘဲ ခင်မင်ခဲ့တာဖြစ်မည်.

စတောင်မစရသေးတဲ့ အချစ်ဇာတ်လမ်းဟာ
ဒီမှာဘဲတစ်ခန်းရပ်သွားရလေပြီ..

.
.
.

*****
.
.
.
.

ဟိုနေ့က ဆေးခန်းအတူသွားပြီးတည်းက
Chaeyoung ဟာ တစ်ပတ်လုံးကျောင်းကိုမလာခဲ့ပါ..အရမ်းနေမကောင်းများဖြစ်နေလားမသိ..ဖုန်းဆက်ကြည့်တော့လည်း စက်ပိတ်ထားသည်ဘဲပြောနေတော့ Jennieတစ်ယောက် တစ်မှိုင်၂တစ်ထွေ၂နဲ့
စာကိုလည်း စိတ်ဝင်တစ်စားလိုက်မကြည့်နိုင်တော့..

I have nothing, but LOVE for youWhere stories live. Discover now