.
.
.
.
.
.
.
.
"အခုလို လာကြိုပေးတာကျေးဇူးတင်ပါတယ်""ရပါတယ်. Jisoo နဲ့သေချာလူချင်းမရင်းနှီးပေမယ့် Jennie ကြောင့် စိတ်ထဲမှာရင်းနှီးနေပြီးသားပါ"
"....."
"Chaeyoung လည်း Jisoo ပြန်လာတာသိရင်
၀မ်းသာသွားမယ်ထင်တယ်""သူရော အဆင်ပြေရဲ့လား"
"အင်း ပြေအောင်တော့ကြိုးစားနေရှာတာဘဲ.
ခုထိလည်း အားရင် အားသလို မြို့ထဲပတ်ပြီး
Jennie ကိုလိုက်ရှာနေတုန်းဘဲ"ပြသနာတွေတတ်ပြီးတည်းက
Jennie တစ်ယောက်ပျောက်ချင်းမလှပျောက်သွားတာ ခုဆို ၃လပြည့်တော့မယ်..အခြေအနေတွေထိန်းဖို့ရော Jisoo အနေနဲ့သိသင့်တယ်ထင်တာကြောင့် Lisa ကဘဲ Jisoo ဆီကို ရအောင်ဆက်သွယ်ခဲ့တယ်..
အကြောင်းစုံရှင်းပြကာ Jisoo ကိုလည်း အများကြီးကူညီခဲ့တယ်. သူမရဲ့ အတိတ်ဆိုးတွေခြောက်လှန့်တိုင်း Lisa က တစ်ညလုံး ဖုန်းကိုင်ပြီးအဖော်ပြုပေးခဲ့တယ်..
Lisa ရဲ့ အားပေးမှုနဲ့ဘဲ သူမနိုင်ငံခြားမှ ပြန်လာပြီး Jennie ကို အတူရှာဖို့ဆုံးဖြတ်လိုက်တယ်..
.
.
.
.
.
.
လူတွေအုံနေတဲ့ လူအုပ်ကြီးရှိရာသို့ Chaeyoung သုတ်ခြေတင်လိုက်မိတယ်..
ကောင်မလေးတစ်ယောက် ကားတိုက်ခံရလို့ဆိုကာ အုံခဲပြီးကြည့်နေတဲ့လူအုပ်ကြီးကို
Chaeyoung တိုးဝှေ့သွားဖို့ကြိုးစားနေမိတယ်.
ရင်တွေလည်း တစ်ဒိတ်၂နဲ့ လူလည်းခြွေးတွေရွှဲလို့..
နောက်ဆုံး လူအုပ်ကြီးကိုကျော်လို့ ရှေ့ဆုံးရောက်သွားတော့မှ Chaeyoung သတ်ပျင်းချမိတယ်.."ဟူး...တော်သေးတယ် Jen မဟုတ်လို့"
အိတ်ကပ်ထဲမှ ဖုန်းမြည်လာတာကြောင့်
ထုတ်ကြည့်လိုက်တော့ Lisa ဖြစ်နေတယ်"Hello"
"Chaeyoung နင်ဘယ်မှာလည်း"
"ငါ ငါအပြင်မှာ လမ်းခဏထွက်လျှောက်နေတာ"
"နင် Jennie ကိုရှာနေတာမလား"
"....."
"ငါအခုဖုန်းဆက်တာပြောစရာရှိလို့..
Jisoo ပြန်ရောက်နေတယ်. ငါတို့ Jennie ကိုအတူလိုက်ရှာရအောင်""ဟုတ်လား ဘယ်တုန်းကပြန်ရောက်တာလည်း.
သူအခုဘယ်မှာလည်း ငါဘယ်ကိုလာခဲ့ရမလဲ"
YOU ARE READING
I have nothing, but LOVE for you
Fanfictionလောကကြီးတစ်ခုလုံးနဲ့ ဆန့်ကျင်နေရင်တောင် နင်ကတော့ ငါ့ဘက်မှာရှိနေပေးမယ်မလား.... Nothing but Chaennie <3