.
.
.
.
.
.တစ်ပတ်လုံးလုံး ငိုလိုက်ရယ်လိုက်နဲ့
ခံစားချက်တွေ အနည်ထိုင်အောင် မနည်းကြိုးစားလိုက်ရသည်.. တော်သေးတာပေါ့ အချိန်မှီသိပေလို့
ချစ်သူမရှိပါဘဲနဲ့ အသည်းကွဲရတဲ့ဘဝ..အချိန်ကကုစားသွားမှာပါလေ
Chaeyoung လုပ်ရမှာတစ်ခုက
သူ နဲ့ အတတ်နိုင်ဆုံးရှောင်နေဖို့ဘဲ.
.
.
."ဟဲ့ ကျောင်းကို အသစ်ရောက်လာတဲ့ ကျောင်းသူအသစ်လေ သူ့နာမည်ဘယ်သူ"
"Jennieလား"
"အေးအေး ဟုတ်တယ်
သူနဲ့ Lisa ကို ကျောင်းအုပ်က တစ်ပတ်တိတိ
ဘောလုံးကွင်းမှာ နေ့တိုင်း၁၀ပတ်ပြေးခိုင်းတယ်တဲ့""ဟယ် အဲ့ဒါတော့လွန်လွန်းတာပေါ့
ကျောင်းအုပ်က ဘက်လိုက်တာအရမ်းသိသာတယ်""အေးဆို"
Chaeyoung အနားမှ ဖြတ်သွားသော
ကျောင်းသူတစ်ချို့ရဲ့ စကားသံတွေကြောင့်
ခြေလှမ်းတို့ တုံ့ကနဲ ရပ်တန့်သွားရတယ်
ပြီးတော့ အဆိုပါ ကျောင်းသူတွေနောက် ခပ်သွက်သွက်လိုက်သွားပြီး..."ခဏလေးနေပါအုံးရှင့်"
ကျောင်းသူ၂ယောက်က ပြိုင်တူလှည့်ကြည့်လာတယ်
"ဟို ခုနက ပြောနေတဲ့လေ
Lisa နဲ့ Jennie အကြောင်းလေး
တစ်ဆိတ်လောက်ရှင်းပြလို့ရမလား..
ကျမက သူတို့သူငယ်ချင်းပါ""အော် အဲ့ဒါလား
သူတို့၂ယောက် Irene တို့အုပ်စုနဲ့ ပြသနာတတ်ကျတယ်တဲ့ အဲ့ဒါကြောင့်
ကျောင်းအုပ်ကသူတို့၂ယောက်ကို အပြစ်ပေးတာ""ဘာလို့ပြသနာဖြစ်တာလည်းဆိုတာရော သိလားဟင်"
"အဲ့ဒါတော့မသိဘူး ဒါပေမယ့်
Jennie နဲ့ Lisa ကအရင်စတယ်လို့ပြောတယ်""ခုလိုပြောပြတာ ကျေးဇူးပါ"
ကျောင်းမလာတဲ့ ၁ပတ်အတွင်းမှာ ဘာတွေဖြစ်ကုန်တာလည်း.. သူတို့၂ယောက်က ဘယ်ကဘယ်လိုတွေ
ပေါင်းမိပြီး ဘာလို့ရန်စရတာလည်း
Chaeyoung တစ်ယောက်
စာသင်ခန်းတွေကိုကျော်ကာ ဘောလုံးကွင်းရှိတဲ့ဆီသို့ ဦးတည်လိုက်တယ်...မြက်ခင်းပြင်ပေါ်မှာ အိပ်ရာသဖွယ် ကျောခင်းနေပုံအရ
၁၀ပတ်ပြေးပြီးသွားလို့ အတော်ပင်ပန်းသွားကျပုံဘဲ..Chaeyoung လျှောက်လာနေတာတောင်မမြင်ကျပေ
BINABASA MO ANG
I have nothing, but LOVE for you
Fanfictionလောကကြီးတစ်ခုလုံးနဲ့ ဆန့်ကျင်နေရင်တောင် နင်ကတော့ ငါ့ဘက်မှာရှိနေပေးမယ်မလား.... Nothing but Chaennie <3