Hello my life, please be nice to me

306 28 1
                                    

.
.
Song recommendation for this Chapter  ~~
Billie Eilish - TV
.
.
.
.
"ငါ့ကို နင်တစ်ခုခုအလိုမကျတာများရှိနေလား?
ငါကိုယ်တိုင်မသိလိုက်ဘဲ နင်စိတ်ဆိုးစေမယ့်အရာတစ်ခုခု ငါလုပ်ခဲ့မိလား"

မ၀ံ့မရဲနဲ့သူက အဲ့လိုမေးလာတော့လည်း
Jisoo မှာ စိတ်မကောင်းဖြစ်ရပြန်တယ်
သူ့ဘက်က ဘာအမှားမှ မလုပ်ပါဘဲနဲ့
ကိုယ့်ဟာကိုယ် တစ်ဖက်သတ်တွေ
စိတ်အလိုမကျဖြစ်နေတာမလို့၊

"ဟင့်အင်း..နင်ဘာအမှားမှ မလုပ်ခဲ့ပါဘူး"

"အဲ့ဒါဆို ဘာလို့နင်က ငါ့ကိုစကားကောင်းကောင်းမပြောတာလည်း. နိုင်ငံခြားခရီးထွက်သွားတယ်ဆိုတာလည်း မသိရဘူး. သူများပြောလို့သိတာ"

နှုတ်ခမ်းလေးစူလို့ ပြောနေပုံကိုက
အသည်းယားစရာ..
ကိုယ့်စိတ်ကို အကောင်းဆုံး ပြင်ဆင်လာခဲ့ပေမယ့်လည်း Jisoo အတွက် အရမ်းခတ်ခဲနေဆဲပါ
သူ့အတွက်ပဲ တစ်ဒိတ်ဒိတ်ခုန်နေတဲ့
ဒီနှလုံးသားကို ဘယ်လိုအရာတွေနဲ့များ
ရပ်တန့်အောင်လုပ်ရပါ့မလဲ

"နင်က ချစ်သူရှိနေပြီဆိုတော့
ငါက အရင်လို ကပ်တွယ်နေလို့
ဘယ်လိုများသင့်တော်ပါ့မလဲ"

"မဆိုင်ပါဘူးဟာ
နင်ငါတို့နဲ့အတူသွား အတူလာလို့ရတာဘဲကို
Lisa လည်းပါရင် အဖွဲ့တောင်ပိုတောင့်သေးတယ် ခုဟာက နင်ကငါ့ကို တမင်ကြီးရှောင်နေသလိုဘဲ"

"အေးပါဟာ မရှောင်တော့ဘူး"

ပြီးပြီးရော ပြောလိုက်ပေမယ့်
ပြသနာက မရှင်းသေးပါဘူး
အချိန်အကြာကြီးချစ်နေခဲ့ရတဲ့သူကို
မချစ်တော့အောင် လုပ်ဖို့ဆိုတာက
Rule Number one သူနဲ့အဝေးဆုံးမှာ နေရမှာပါ

သူနဲ့အနီးကပ်ရှိနေခြင်းဟာ
သံယောဇဥ်တွေသာ ပိုတိုးလာနိုင်သလို
သူ့ချစ်သူနဲ့ အတူတွဲမြင်ရတာလည်း
ကိုယ့်အတွက် စိတ်ကျန်းမာရေးထိခိုက်နိုင်သည်

"ဒါနဲ့ နင်အမှိုက်ကောက် လိုက်မှာလား"

"အင်း.. မလိုက်လို့လည်း ရမှမရတာ
Semester fail လိမ့်မယ်"

"နင့်အိမ်ကလူကြီးတွေကိုပြောခိုင်းလို့ရတာဘဲကို နင်တကယ် နေမကောင်းဖြစ်နေတယ်တို့ဘာတို့ ကျောင်းအုပ်နဲ့လည်း ရင်းနှီးတော့ ရမှာပါ"

I have nothing, but LOVE for youWhere stories live. Discover now