Friends

654 60 2
                                    

.
.
.
.
.
.
.
မနက်အတန်းစထဲက အမည်မသိရသေးတဲ့ အမျိုးသမီးလေကို တွေ့လို့တွေ့ငြား Jennie တစ်ယောက် မျော်လင့်တကြီးနဲ့ ရှာကြည့်မိတယ်.. ကံမကောင်းစွာနဲ့ဘဲ နေ့လည်breakရတဲ့အထိ သူမကိုမတွေ့ ..
ကျောင်းမလာတာဘဲလား
ယူထားတဲ့ Subjects တွေ မတူတာလားမပြောတတ်ပါ..

အတန်းပီးလို့ စာအုပ်တွေ Locker ထဲထည့်နေတုန်းမှာဘဲ Jisoo ဆီကဖုန်းဝင်လာတယ်..

"အေး နင်ဘယ်မှာလဲ"

"ငါကန်တင်းရောက်နေပီ တန်းလာခဲ့တော့"

"okay. ခဏနေတွေ့မယ်"

ဖုန်းကို ဂျင်းဘောင်းဘီ အိတ်ကပ်ထဲ​ပြန်ထည့်လိုက်ပီး အိတ်ကိုလွယ်က ကန်တင်းဖက်ထွက်ခဲ့လိုက်တယ်..

ကန်တင်းရောက်တော့ သိပ်မရှာလိုက်ရ ..
ထောင့်စွန်းနားကခုံကနေ Jisoo တစ်ယောက်  လက်ယမ်းပြနေလေရဲ့

"egg and cheese?"

အသင့်မှာထားတဲ့ Sandwich ကို
Jennie ရှေ့တိုးပေးလိုက်တယ်

"thanks babe"

Jennie က Sandwich ဆို အသားပြားတွေ
အသီးအရွက်တွေနဲ့ လုပ်တာမကြိုက်ဘူး.
egg and cheese ဆိုတာ သူမရဲ့ Signatureပါ တစ်ခါတစ်လေ Jennie အမေကတောင် မေ့နေတဲ့
Jennie ရဲ့အကြိုက်တွေ အသေးစိပ်တွေကအစ
Jisoo က အကုန်မှတ်မိနေတတ်တယ်..

***
သူတို့၂ယောက် အလယ်တန်းကျောင်းတက်နေတဲ့ နှစ်တုန်းကပေါ့..
ခါတိုင်းဆို ​ထမင်းချိုင့်ကို ဖြစ်သလို ကြက်ဥတွေ အသားချောင်းတွေနဲ့ ထည့်ပေးတဲ့ Jennieအမေဟာ အဲ့နေ့ကတော့ ဘာစိတ်ကူးပေါက်သည်မသိ..ဟင်းတွေဖွယ်ဖွယ်ရာရာချက်လို့ထည့်ပေးသတဲ့လေ..
ထူးထူးဆန်းဆန်း Jennieတစ်ယောက်ပျော်မြူးနေလို့ Jisooက မေးကြည့်မိတော့..

"ဒီ​နေ့ ငါ့အမေက ဟင်းတွေချက်ပေးလိုက်တယ်"

"ဘာဟင်းတွေလဲ"

"မသိပါဘူး သေချာမကြည့်ရသေးဘူး..
ဒါပေမယ့် အသားချောင်းတော့မဟုတ်ဘူး"

​ ပြောရင်းနဲ့ပင် ပြုံးပျော်နေပုံက
မသိရင်ဘဲ ထီပေါက်ထားသလိုလို..

"ခဏနေအုံး​နော် ငါလက်သွားဆေးပီး ပြန်လာခဲ့မယ်"

Jennie လက်ဆေးဖို့ထသွားတော့မှ
ဘာဟင်းတွေလဲ သိချင်တာနဲ့ ထမင်းချိုင့်ကိုဖွင့်ကြည့်လိုက်တော့
Tom yum ဟင်းရည်မွှေးမွှေးလေးရယ်..
နောက်တစ်ခုက...
အယ်..အယ်...
Tomyum ထဲမှာ ပုဇွန်တွေ ကင်းမွန်တွေပါလား

I have nothing, but LOVE for youTempat cerita menjadi hidup. Temukan sekarang