1

2.4K 47 2
                                    

"ဟိုဘက်က ရန်ကျော်ဆိုတဲ့အကောင်.. မင်းကို ကမ္ဘာကြေတောင်.ဥ မကြေဘူး မှတ်ထား"
"ဆုတောင်းလေ. မင်း ညံ့လို့. မင်းခံရတာထည့်ပြော ဝန်းရံပိုင်"
"မင်းမှတ်ထား နောက်တစ်ခါခံရမယ့်အလှည့် ကမင်းအလှည့်ပဲ မှတ်ထား"
"အူကြောင်းကြားနဲ့အဲ့ဘက်ကနေလှမ်းအော်မနေနဲ့. သတ္တိရှိရင် ချ မလား"
"no no no ငါကမင်းကို သပ်သပ်ခံရအောင်ကို လုပ်အုံးမှာ...အေး. အခုမချတာကကြောက်လို့မဟုတ်ဘူး နော်.ငါ့မှာကိစ္စရှိသေးလို့မင်းလိုအကောင်နဲ့ တု ပြီးရန်မဖြစ်တာရှင်းလား!"
"ကြောက်ရင်ကြောက်တယ်ပေါ့. အဖေ့သားလေးရာ"
"ဘော! ကိုကြောက် ဆုတောင်းလေ.အဲ့ဘက်ရွာကနေ ဖင်ကုန်းပြီး ရွာဦးစေတီကိုသာ သွားပြီးဆုတောင်းနေ သိလား...:ဟျောင့်တွေသွားမယ် အဲ့သူငယ်နာမစင်တဲ့အကောင်နဲ့ စကားပြောရတာအာရုံနောက်တယ်... အရီးလေးဆီသွားပြီး မုန့်ဖိုးသွားတောင်းမယ်...လာ"
"ဟား....ဟား....ဟား.... ငါ့ကြောက်လို့သွားပြီ....ဟား...အဲ့အကောင်ကလေ ဘဝင်ရူးသိလား....ဟားးးးးးး ဟားးးးး ဟားးးးး "

~လိပ်ရှရွာ~
"မကြေနပ်ဘူးကွာ! နဲနဲလေးမှကို မကြေနပ်ဘူး: တောက်စ်!" ဝန်းရံပိုင်မကျေနပ်ခြင်းများစွာနဲ့ဆိုလိုက်တဲ့စကား ကို သူငယ်ချင်းများက
"ရော! မကျေနပ်ရင် ထန်းရေ နဲ့မျှောချ ပြီးရင်အဲ့ ရန်ကျော်ဆိုတဲ့အကောင်ကို ဘယ်လိာ ပညာပြန်ပေးမလဲဆိုတာစဉ်စား ရော့! ထန်းရေ"
" မင်းတို့ကို ငါအကြံဥာဏ်တောင်းရတာလည်း မင်းတို့က ဂန်းတန်းတန်းနဲ့ သိပ်ယုံရတာမဟုတ်ဘူး.ဟူးးးးးးးးး "
"မင်းကလည်း ငါတို့က အကြံဥာဏ်ကောင်းပါတယ် ဟိုအကောင်တစ်ယောက်ကိုသာဘာမှ သွားမေးမနေနဲ့ သူကဘာမှမသိဘူး"
"အဲ့ ဆန်းကြီး (နွဲ့ဟိုက်စန်း=ပုကျိသောက်) ကတော့လုပ်မနေနဲ့. ဟိုတေလာက သူ့ညီမတစ်ဝမ်းကွဲ လင်နောက်လိုက်သွားတာတောင် လာပြန်အပ်တဲ့၂ရက်မြောက်နေ့မှ သိတာ ကြားထဲဘယ်သွားသေနေမှန်းမသိဘူး"
"မင်းတို့ကောင်တွေကလည်း ငါ့တော့အဲ့လိုမပြောပါနဲ့ ငါသိပါတယ် သေချာမသိချင်ယောင်ဆောင်ပေးထားတာ "
"ကောင်းလိုက်တဲ့အကိုကွာ....ဟားဟားဟား.......
.."
ထန်းတောထဲ သူငယ်ချင်းတစ်စုရဲ့ရယ်သံတွေပျံ့နှံ့ သွားလေသည်....

~အုန်းကွဲရွာတွင်~
"သား ရန်ကျော်...."
"ဗျာ အမေ... သားကိုဘာခိုင်းစရာရှိလို့လည်း?"
"မရှိပါဘူးသားရယ်..သာကိုမေးမလို့..."
"ဟုတ် မေးလေ အေမ ဘာများလည်း?"
"သား လိပ်ရှရွာက ဝနရံပိုင်ဆိုတဲ့ ကောင်လေးနဲ့ ရန်ဖြစ်တယ်လို့ကြားတယ် ဟုတ်လား?"
"အာ.... အမေကလည်း ရန်မဖြစ်ပါဘူး စကားများတာပဲရှိတာ အဲ့တာကလည်း ကြားထဲမှာချောင်းခြားပါသေးတယ် အမေရဲ့....!"
"ဘယ်လို့ဖြစ်ရတာလည်းသားရယ်? ...."
"ဒီလိုပါ အမေ... ပြီးခဲ့တဲ့လက သူကသားဝယ်မယ့် လိပ်နှစ်ကောင်ကို ဖြတ်ဝယ်သွားတယ် အဲ့တာသားဝယ်မယ်မှန်းသိလို့ သူက လုပ်သွားတာ အဲ့တာနဲ့သားလည်း တနေ့က သူတို့ရွာက အပျိုကြီး ကို သားတို့ရွာက မုဆိုးဖိုနဲ့ အောင်သွယ်ပေးပြီး တခါတည်း ခိုးပေးလိုက်တာ... အဲ့တာကို အဲ့အကောင်ကမနေ့ကသိသွားပြီး ပြသနာ လာရှာနေတာ ဘာကိုနာလို့. နာနေလည်းမသိပါဘူး အဲ့အပျိုကြီးများကြိုက်နေလားမသိဘူးအဲ့အကောင်က ဟားဟား 😁"
"အော်.. သားရယ်ဖြစ်ရတယ်ကွယ် အသက်၂၀ကျော်နေပြီ ကလေးတွေလည်းမဟုတ်တော့ပဲနဲ့ ရန်ဖြစ်နေကြသေးတယ် နောက်ခါဆိုရန်မဖြစ်နဲ့နော်သား .အခုကလည်း လိပ် ကနေစသွားတာမလား?နောက်ခါ အလိုလေးတွေကနေ မဖြစ်ပါနဲ့သားရယ်..နော် .."
"ဟုတ်အမေ... သူ့ဘက်ကမစဘူးဆို သားဘက်ကလည်း ပြန်မလုပ်ပါဘူး ခုက သူကအရင်..."
"သား မေမေပြောနေတယ်လေ..."
"အာ...ဟုတ်ကဲ့ပါ သား ကြိုးစားပါ့မယ် ဒါမဲ့သားပြောတာနော် သူသာအရင်မစရင်သားမလုပ်ဘူး သူလာလုပ်လို့ကတော့ သားလည်းငြိမ်ခံမနေဘူး...သားသွားတော့မယ် ကြက်ကင် တို့နဲ့ချိန်းထားလို့"
"ဟင်း....ဒီကေလးက တော့ သူလုပ်ချင်တာလုပ်နေတာပဲ...ဟင်း..."

ငါတာဝန်ယူမယ် မင်း ကို (complete) Where stories live. Discover now