2

463 18 0
                                    

2
"မင်းက ဘာလို့ ဘုရားပေါ်ရောက်နေတာလည်း?"
" အမ်....ငါ့လိုလူက ဘုရားမလာရဘူးလား? ဘာလို့လည်း? ဒီဘုရားက ၂ရွာလုံးနဲ့ဆိုင်သလို ၂ရွာလုံးပိုင်တယ် ရှင်းလား ငါဘုရားလာတာဘာဆန်းလို့လည်း?.အဟက်...."
"aww ...၂ရွာလုံးပိုင်တယ် ဆိုင်တယ်ဆိုတာတော့ဟုတ်ပါတယ်
ဒါမဲ့ အခုလုပ်တဲ့ ကုသိုလ်မှာ မင်းတို့အုန်းကွဲရွာ မပါဘူး ငါတို့ လိပ်ရှရွာသူကြီးက ဦးဆောင်ပြီး ငါဆိုတဲ့ ဝန်းရံပိုင်က မ"တည်လှူဒါန်းထားလို့ မင်းတို့လာစရာမလိုဘူး ရှင်းလား?"
"အဲ့တော့ ငါက ဘာလုပ်ပေးရမှာ လည်း မင်းကို ထိုင်ကန်တော့ ပေးရမှာလား သွားစမ်းပါ ကြက်မပြည့်တဲ့စကာတွေလာမပြောနဲ့..တော်ပြီ မင်းနဲ့စကားပြောရတာလေကုန်တယ် ငါ့ဘာသာလုပ်စရာရှိတာပဲလုပ်တော့မယ် ဖယ်..အရှေ့က "...ညစ်တစ်တစ်နဲ့ထွက်သွားတဲ့ ရန်ကျော်ဆီ့မှာ မကောင်းတဲ့အကြံပေါင်း တစ်သောင်းခြောက်ထောင်နဲ့ပါသွားလေပြီ
"ဆရာတော်ဘုရား.. ဒါတပည့်တော်လှူတဲ့ နေ့လည်အစာပြေမုန့်ပါဘုရား ဒီမှာထုံးသက္ကန်းကပ်တယ်လို့ကြားလို့ တပည့်တော်တို့လည်း လာဒါနပြုတာပါဘုရား..."
"အေးကွယ် သာဓုသာဓုသာဓု ပါ ဒကာလေး ရန်ကျော် ဒါနက် ဒကာလေးတို့က လုပ်အားမပေးပဲ မုန့်ပဲလာလှူတာလားကွယ့်"?
"မှန်ပါ့ တပည့်တော်တို့လည်း လုပ်အားတော့ပေးချင်ပါတယ် ဒါပေမယ့် ဟို သရက်ချဉ်ဖတ် ဝန်းရံပိုင် ရှိနေလို့ မုန့်ပဲလှူလိုက်တော့တယ်ဘုရား ဒါမို့ဆို ကုသိုလ်မရပဲ ရန်ဖြစ်မိမှာစိုးလို့ပါဘုရား..."
"အေးကွယ် ဒကာလေးတို့၂ယောက်ကလည်းရေစက်ပါပဲ ကဲဒါတွေထားပါ ကဲ ကဲ ဒကာလေးရန်ကျော်လာလှူတာကို ဘုန်းကြီး လူစေ့တပ်စေ့ဝေပေးလိုက်မယ် ဟုတ်ပြီလား ဒကာလေးလည်း ကုသိုလ်ရတာပေါ့"
"ကျေးဇူးတင်ပါတယ် ဘုန်းဘုန်းဘုရား ဒါဆို တပည့်တော်တို့ကိုခွင့်ပြုပါအုံးဘုရား"..
"ကောင်းပါပြီကွယ် ဂရုစိုက် ပြန်အုံးနော် အပြန်လည်း ဟိုတစ်ယောက်နဲ့ ရန်ဖြစ်မနေနဲ့အုံး ကြားလား ဒကာ..."
"မှန်ပါ့ဘုရား တပည့်တော်ပြန်ရင်အရှေ့ဘက်ကပတ်ပြန်မှာပါ သူ့ကိုမတွေ့ချင်လို့ပါ ဒါဆို တပည့်တော်တို့ကိုခွင့်ပြုပါအုံး.."
"အေးကွယ်...အေးကွယ်"
ရန်ကျော်က ဒီနေ့ဝန်းရံပိုင်တို့ ထုံးသက္ကန်းကပ်တာ လုပ်အားပေးဆိုတာကြားထားလို့ နေ့လည်စာ အစာပြေမုန့်လာလှူတာ အင်း အကြံလည်းပါတာပေါ့လေ တကယ်တော့ ဝန်းရံပိုင်သာ ဘုန်းဘုန်း အမြင်ကြည်တာခံရရင် သူတို့၂ယောက်ရန်ဖြစ်ရင်သူ့ကိုပိုဆူလိမ့်မယ် ဒါနက် သူလည်း အမှတ်ရအောင် ဖျော်ရည်နဲ့စားစရာအချို့လာလှူတာဖြစ်ပေသည်
အင်း... ဖျော်ရည်ထဲ ဝမ်းနှုတ်ဆေးထည့်ထားတာတော့ သူ့စေတနာပေါ့
ဝမ်းချုပ်မှာစိုးလို့ စေတနာအပြည့်နဲ့လုပ်ပေးထားတာ
စကားပုံရှိတယ်လေ ~ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး~တဲ့ ဟုတ်တယ် သူက အားလုံးရဲ့ကျန်းမာရေးကို ဂရုစိုက်ပေးတာပါ
ရန်ကျော်တို့မျက်နာဒီအချိန်သာသွားကြည့်ရင် တလောကလုံး အပိုင်စားရထားသလိုပြုံးဖြီးလို့

ငါတာဝန်ယူမယ် မင်း ကို (complete) Donde viven las historias. Descúbrelo ahora