20 final

583 21 1
                                    


တုန်ရီနေသောလက်တွေနဲ့ ပထမတစ်စောင်ကို ကောက်ကိုင်ပြီး ဖွင့်ကြည့်လိုက်တော့.....

အမွေခွဲဝေပေးခြင်းစာရွက်

သားလေးရန်ကျော် အတွက် အမေပိုင်တဲ့လယ်ဧက ၁၀ဧက ကို သားလေးကိုပေးခဲ့တယ်
ရွာပြင်ကခြံ၂ခြံကိုလည်း သားလေးရန်ကျော့်ကိုပဲအမေပေးခဲ့တယ်
ကျန်တဲ့ အိမ် ဝိုင်း နွားတွေနဲ့ လက်ဝတ်လက်စားတွေကိုတော့
အမေ့ဘေးမှာအမြဲနေပေးတဲ့ မေပြည့်ကိုပေးခဲ့တယ်
သားလေးကိုအိမ်ကိုမပေးခဲ့တော့ဘူး သားလေးအိမ်မှာနေရင် အမေ့ကိုသတိရနေမှာစိုးလို့
အမေအသက်ရှိစဉ်ကစုထားတဲ့ပိုက်ဆံတွေကိုတော့ အမေ့ရက်လည်ကြရင် တစ်ရွာလုံးမီးခိုးတိတ် ထမင်းကျွေးပေးပါ
မရှိတဲ့ သူတွေကိုလှူပေးပါ
ချို့တဲ့သူတွေကိုကူညီပေးပါ

သားလေးရဲ့အမေ

စာလေးကတော့ရိုးရိုးရှင်းရှင်းလေးပါ
အမေကအသက်ရှိစဉ်ကတည်းကလှူဒါန်းခဲ့ပြီး သူမရဲ့နောက်ဆုံးအချိန်ထိကို လှူဒါန်းခိုင်းခဲ့လေသည်
ရန်ကျော်နောက်တစ်ရွက်ကို ဖွင့်ဖတ်ဖို့တွေဝေနေမိတယ်
သူသိချင်တယ်.နောက်တစ်ရွက်ကဘာတွေရေးထားတာလည်းဆိုတာကို
စာရွက်ခေါက်ဖြူဖြူလေးကို ပြန့်သွားအောင်ဖွင့်အကြည့်
ပထမဆုံးစာလေးက

~သားလေး.
ဒီစာကိုသားလေးအတွက်ရည်ရွယ်ပြီးရေးခဲ့တာပါ
သားလေးကို အမေ့ရောဂါအကြောင်းမပြောပြဘူးဆိုတာသားလေးစိတ်ဆင်းရဲမှာစိုးလို့ပါ
အမေသားလေးကို စိတ်မဆင်းရဲစေချင်ဘူး အမေ့သားလေပျော်နေတာကိုပဲတွေ့ချင်မြင်ချင်တာပါ
အမေအသက်ရှိတုန်း သားလေးစိတ်ချမ်းသာတာမြင်ရရင် အမေစိတ်ချရပါပြီ
ပြီးတော့ သားလေး ဝန်းရံပိုင် နဲ့လည်းတည့်အောင်နေနော် ရန်မဖြစ်နဲ့ ရန်ဖြစ်တာ အမေမကြိုက်ဘူးဆိုတာ သားသိတယ္မလား
သားလေး ဝန်းရံပိုင် ကိုတော့အထွေအထူးမမှာတော့ဘူး သားလေးနဲ့ရန်မဖြစ်ပါနဲ့ သားလေးကို စောင့်ရှောက်ပေးပါလို့မှာချင်တယ်
ပြီးတော့ အမေ့ကိုပေးထားတဲ့ကတိကိုလည်းတည်ပါလို့ပြောချင်တယ်
သားလေးရန်ကျော် အရမ်းမဆိုးနဲ့နော် သားလေးကိုအမေနဲ့အဖေကကောင်းကင်ဘုံကနေ တူတူစောင့်ကြည့်နေမယ်ဆိုတာ သိတယ္မလား?
အမေအခုလိုစာရေးထားခဲ့တယ်ဆိုတာ သားလာတဲ့အချိန်စကားတွေအများကြီးမပြောနိုင်တော့ဘူး အဲ့တာကြောင့်စာလေးကနေဖြစ်ဖြစ်အမေနောက်ဆုံးနှုတ်ဆက်သွားချင်လို့ပါ. .

ငါတာဝန်ယူမယ် မင်း ကို (complete) Hikayelerin yaşadığı yer. Şimdi keşfedin